အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ နှစ်ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာရှိကြောင်း ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဇန်နဝါရီ ၁၂ ရက်တွင် ၃ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ပြီး လူနာသစ် ၅၅၁ ဦး တွေရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင်...
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိကာ ၊ ယနေ့ ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
နယူးယောက်၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၂၂ သန်း နှင့် သေဆုံးသူပေါင်း ၃၇၀, ၀၀၀ ကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၆၆ ဦး ရှိပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ဦး ရှိရာ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၃,၅၅၀...
ဘူခါရက်စ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ရိုမေးနီးယားနိုင်ငံအတွင်း ပထမဦးဆုံး ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူ တွေ့ရှိခဲ့ရပြီး လက်ရှိချိန်တွင် ၎င်းအား နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်စေကာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း နိုင်ငံတော်သမ္မတရုံး၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ အထိ လေးလအတွင်း ဝန်ထမ်း ၁၆ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း...