ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏အမြင့်ကို ပြန်လည်တိုင်းတာရေးလုပ်ငန်း ပြီးပြည့်စုံရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် တရုတ်နိုင်ငံမှ မြေတိုင်းပညာရှင် ၃၀ ဦးကျော်ပါဝင်သော အဖွဲ့သည် အဆိုပါတောင်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ အခြေစိုက်စခန်းသို့ မေလ ၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ကို ပြန်လည်တိုင်းတာရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာစစ်တမ်းကောက်ယူကြမည့် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင် ၃၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်းမား (Qomolangma) တောင်ခြေ အခြေစိုက်စခန်းမှ မေ ၆ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကျွမ်းကျင်တောင်တက်သမားများနှင့်...
တိဘက်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင် (Qomolangma) ခေါ် ဧဝရက်တောင် အခြေစိုက်စခန်းတွင် အမှိုက်စွန့်ပစ်မည့်အဆောက်အအုံများကို တပ်ဆင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။