တရုတ်နိုင်ငံမှ အရေးပေါ်ဆေးဘက်ဆိုင်ရာ ထောက်ပံပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ကြောက်မက်ဖွယ် ငလျင်ဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံအား ကူညီရန် ဖေဖော်ဝါရီ ၉ ရက်က ဆီးရီးယားသို့ ဆိုက်ရောက်လာခဲ့သည်။ တရုတ်ကြက်ခြေနီအဖွဲ့(RCSC) ပိုင်ဆိုင်သော အဆိုပါလေယာဉ်သည် ဒမတ်စကတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua) ……………………………….....
အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ငလျင်ဒဏ်ခံစားရသောဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေပြီး အဖွဲ့ဝင် ၈၂ ဦးပါသော တရုတ်ကယ်ဆယ်ရေးအဖွဲ့အပါအဝင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ငလျင်ဒဏ်ခံစားရသောဒေသများ၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလျင်အမြန်သွားရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua) ………………………………… (English Version) Int’l rescuers rush to aid quake-hit areas, as...
Antakya၊ တူရကီ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရှိ ငလျင်ဒဏ်သင့် Antakya မြို့ ၌ ပြိုကျခဲ့သော အဆောက်အဦ အပျက်အစီးကြားမှ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံနှင့် တူရကီနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအမျိုးသမီးမှာ...
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူးအားပြည်နယ် ဖေဖော်ဝါရီ ၉ ရက်က ပြင်းအား ၅.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ လူလေးဦး သေဆုံးပြီး အခြားသူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua) ……………………… (English Version) 5.2-magnitude earthquake jolts Indonesia’s eastern province...
ဟာတေ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ငလျင်ကပ်ဘေးဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် တူရကီနိုင်ငံ Hatayပြည်နယ် Antakya မြို့၌ ပြိုကျနေသော နေအိမ်အဆောက်အဦ၏အပျက်အစီးများကြားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့်တူရကီဒေသခံကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံနှင့် အလွန်နီးကပ်သောအိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် တစ်ရက်အကြာ ဆီးရီးယားနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အမေရိကန်၏ ပိတ်ပင်မှုကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆီးရီးယားက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/Esb ————————- Syria on Tuesday lambasted the U.S....
အဒါနာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦး ပါဝင်သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် လေယာဉ်စင်းလုံးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ခရီးနှင်ကာ တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။...
တူရကီနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးရသူဦးရေမှာ ဖေဖော်ဝါရီ ၈ ရက်တွင် ၅,၄၃၄ ဦးအထိရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း ၃၁,၇၇၇ဦး ရှိပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောကြားခဲ့သည်။ “ရာသီဥတုအခြေအနေက အလွန်အမင်းဆိုးရွားနေတယ်၊ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပျက်စီးခဲ့တဲ့ ဒေသတွေကိုရောက်ရှိရုံမျှပဲရှိပါသေးတယ်” ဟု ကာကွယ်ရေးဝန်ကြီး Hulusi Akar...
— အင်အားပြင်းငလျင်များလှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၁,၇၆၂ ဦးသေဆုံး၊ ၁၂,၀၆၈ ဦးဒဏ်ရာရ၊ — နေအိမ်အဆောက်အဦ ၅,၆၀၆ ခု ထက်မနည်း ပျက်စီး၊ — အပျက်အစီးများကြားမှ လူပေါင်း ၆၄၄၅ ဦးကယ်ထုတ်နိုင်၊ — အေး၍ မိုးရွာသွန်သော ရာသီဥတုအခြေအနေများကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ညဘက်အထိတိုင် ဆက်လက်ဆောင်ရွက်နေ။...
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယနေ့ ဒီဇင်ဘာ၁၆ ရက် တစ်ရက်တည်းတွင် ငလျင် ၃ ကြိမ်လှုပ်ရှားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ရှားခဲ့သည့် တံတားဦးငလျင်၏ နောက်ဆက်တွဲငလျင်များဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။ ဒေါက်တာယဉ်မျိုးမင်းထွေးက...