Politics, Law & Military8 years ago
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ငွေကြေးစနစ်တွင် ယွမ်ငွေပါဝင်လာပြီးနောက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံပြောကြား
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုဘဏ်က အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အထူးထုတ်ယူမှု အခွင့်အရေး(SDR) ငွေကြေးစနစ် တွင် တရုတ်ယွမ်ငွေပါဝင်လာပြီးနောက် တရုတ်နိုင်ငံသည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် ဈေးကွက်များဖြန့်ကျက် ဖွင့်လှစ်မှုများကို ဆက်တိုက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁ရက်ကပြောကြားခဲ့သည်။