Africa & Middle East11 months ago
ဂျေရုဆလမ်ရှိ ဆေးရုံ မြေအောက်ကားဂိုဒေါင်က “စစ်အတွက်ပြင်ဆင်ထားသော” ဆေးရုံနေရာဖြစ်လာ
ဂျေရုဆလမ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသအခြေအနေ တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ ဂျေရုဆလမ်ရှိ ဆေးရုံကြီးတစ်ရုံသည် ၎င်း၏မြေအောက်ကားဂိုဒေါင်အား “စစ်ပွဲအတွက်ပြင်ဆင်ထားသော” ဆေးရုံနေရာအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည်။ “စစ်ပွဲအတွက်ပြင်ဆင်ထားသော” ဆေးရုံနေရာတွင် ကုတင် ၁၅၀ လုံး၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း အများအပြားနှင့် သီးခြားအရေးပေါ်လျှပ်စစ်ထုတ်လုပ်သည့်စနစ် တပ်ဆင်ထားကြောင်း၊ ဒုံးလက်နက်၊ ဒုံးကျည်စသည့် တိုက်ခိုက်မှုများကို...