ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိနေသော ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်သည် မတ်လ (၃၀) ရက်နေ့၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးပြီး ၅လလောက်ကြာခရီးစဉ် ကမ္ဘာပတ်ပျံသန်း စံချိန်တင်မည့် Solar Impulse 2 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး နောက်တစ်ဆင့်အဖြစ် မန္တလေးကနေ တရုတ် နိုင်ငံ Chongqing နဲ့ Nanjing မြို့တို့ကို ပျံသန်းမှာလည်း ဖြစ်ပါတယ်။