Europe3 years ago
ယူကရိန်းနိုင်ငံရှိ အမေရိကန်စစ်ဘက်ဆိုင်ရာဇီဝဗေဒသုတေသနနှင့်ပတ်သက်၍ ပူတင် ဝေဖန်ပြောကြား
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်ဇာဗီယာဘတ်တဲလ်( Xavier Bettel ) နှင့် မတ် ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် “ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့ သဘောသဘာဝပဲ“ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။