ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား စုစုပေါင်း ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ (သြဂုတ် ၁၅ ရက်) နံနက်အစောပိုင်းမှစတင်ပြီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။