တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လိကျန်းမြို့ရှိ ယွိလုန်နှင်းတောင်သည် ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် ပထမဆုံး နွေဦးနှင်းကျခြင်းကို တွေ့ကြုံခဲ့ရာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး တောင်စောင်းပေါ်တွင် တိမ်များနှင့် မြူများဝန်းရံလျက် ရှိသည်။ နေထွက်ချိန်တွင် ဆီးနှင်းများဖုံးလွှမ်းနေသော နှင်းတောင်နှင့် လိကျန်းရှေးဟောင်းမြို့ကြီး၏ နံနက်နေရောင်အောက်က အလှမြင်ကွင်းသည် လူအများအား...
–ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင်က ဒေါ့မွန်အား အနိုင်ယူ ဘာလင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၆ တွင် အမှတ်ပေးဇယား ဒုတိယနေရာမှ လေဗာကူဆင်က ဒေါ့မွန်အသင်းအား ၃-၂ ဂိုးရလဒ်ဖြင့် အနိုင်ယူပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးမှ...
တရုတ်-နိုင်ဂျီးရီးယား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ဂျီးရီးယား သမ္မတ ဘိုလာအာမက် တီနူဘူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား နိုင်ဂျီးရီးယားနိုင်ငံ၏မြို့တော် အဘူဂျာတွင် ဇန်နဝါရီ ၉ ရက်၌ လက်ခံတွေ့ဆုံခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တီနူဘူအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏...
ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ထိုင်းရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးခံရသူအဖြစ် ဖော်ထုတ်သိရှိရသည့် တရုတ်နိုင်ငံသား သရုပ်ဆောင်ဖြစ်သူ ဝမ်ရှင်းအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် လူကုန်ကူးသည့် ဂိုဏ်းများအား တိုက်ဖျက်မှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဝမ်ရှင်းမှာ ဇန်နဝါရီ ၁၀ ရက်၌ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ်ရှိကြောင်း...
ဒူဘိုင်းမြို့မှ မိုဟာမက်ဘင် ရာရှစ် အယ်လ်မက်တွန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ တောင်ဘက်သို့ ကားဖြင့်သွားမည်ဆိုလျှင် သဲကန္တာရထဲ၌ အလွန်စူးရှတောက်ပသော အလင်းစက်ဝန်းတစ်ခုကို ကီလိုမီတာ ၂၀ ကျော်အကွာမှ မြင်တွေ့ရမည်ဖြစ်သည်။ နေဝန်းနှင့် သဏ္ဌာန်တူဖန်တီးထားသော အဆိုပါ အံ့မခန်းဖွယ်မြင်ကွင်းမှာ ကမ္ဘာ့အမြင့်ဆုံး နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် မျှော်စင်ကြီးပင်ဖြစ်သည်။ အလျား...
ချတ်နိုင်ငံ ဝန်ကြီးချုပ် အယ်လာမာယီ ဟာလီနာသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၈ ရက်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဟာလီနာမှာ တရုတ်နိုင်ငံဆိုင်ရာ ချတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဥ်အတွင်း တရုတ်-ချတ်ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရာ၌ ပေါင်းကူးဆက်သွယ်ပေးသူ ဖြစ်သကဲ့သို့ တရုတ်ပြည်သူများ၏ နီးကပ်သော မိတ်ဆွေအရင်းအချာ တစ်ဦးလည်းဖြစ်ကြောင်း...
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် သာယာလှပသောနိုင်ငံ တည်ဆောက်ရေးအတွက် အစဥ်တစိုက် လုပ်ဆောင်နေစဥ် နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအနေဖြင့်လည်း စိမ်းလန်း၍ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးရာ၌ အစိမ်းရောင် ဘဏ္ဍာရေးကဏ္ဍ တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်ရာ၌ ဘဏ္ဍာရေးကဏ္ဍအနေဖြင့်...
ဥရောပသမဂ္ဂ (အီးယူ) ၏ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် ပြည်ပထောက်ပံ့မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် လုပ်ထုံးလုပ်နည်းများမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0kI …………………. (English Version)...
မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင် ဖွံ့ဖြိုးရေးအတွက် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ယူအေအီး၏ စွမ်းအင်ပေါင်းစပ် အသုံးပြုမှုကို အထိရောက်ဆုံးဖြစ်စေရန် အကူအညီပေးခဲ့သလို တရုတ်-ယူအေအီး အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ ကန္တာရထဲ၌ ပေါ်ထွန်းလာသည့် အကြီးစား နေရောင်ခြည်စွမ်းအင် စီမံကိန်းများမှသည် ပထမဆုံး လေစွမ်းအင် သရုပ်ပြစီမံကိန်းများအထိ...
တရုတ်နိုင်ငံအနေဖြင့် လာမည့် နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ခရီးသည်များ ဘေးကင်း၍ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အစီအမံများ ဆောင်ရွက်လျက်ရှိသည်။ မိသားစုအများအပြား ပြန်လည်ဆုံစည်းခြင်း၊ ခရီးသွားလာမှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းတို့က တရုတ်ပြက္ခဒိန်တွင် နှစ်သစ်တစ်နှစ်စတင်သည့် အထိမ်းအမှတ်ဖြစ်သော နွေဦးပွဲတော်၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး၊ မိုးလေဝသ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးနှင့် အခြားနယ်ပယ်များကို တာဝန်ယူထားသည့်...