ချတ်နိုင်ငံ ဝန်ကြီးချုပ် အယ်လာမာယီ ဟာလီနာသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၈ ရက်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဟာလီနာမှာ တရုတ်နိုင်ငံဆိုင်ရာ ချတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဥ်အတွင်း တရုတ်-ချတ်ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရာ၌ ပေါင်းကူးဆက်သွယ်ပေးသူ ဖြစ်သကဲ့သို့ တရုတ်ပြည်သူများ၏ နီးကပ်သော မိတ်ဆွေအရင်းအချာ တစ်ဦးလည်းဖြစ်ကြောင်း...
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် သာယာလှပသောနိုင်ငံ တည်ဆောက်ရေးအတွက် အစဥ်တစိုက် လုပ်ဆောင်နေစဥ် နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအနေဖြင့်လည်း စိမ်းလန်း၍ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးရာ၌ အစိမ်းရောင် ဘဏ္ဍာရေးကဏ္ဍ တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်ရာ၌ ဘဏ္ဍာရေးကဏ္ဍအနေဖြင့်...
ဥရောပသမဂ္ဂ (အီးယူ) ၏ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် ပြည်ပထောက်ပံ့မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် လုပ်ထုံးလုပ်နည်းများမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0kI …………………. (English Version)...
မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင် ဖွံ့ဖြိုးရေးအတွက် အခရာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ယူအေအီး၏ စွမ်းအင်ပေါင်းစပ် အသုံးပြုမှုကို အထိရောက်ဆုံးဖြစ်စေရန် အကူအညီပေးခဲ့သလို တရုတ်-ယူအေအီး အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအဖြစ်လည်း အကျိုးပြုလျက်ရှိသည်။ ကန္တာရထဲ၌ ပေါ်ထွန်းလာသည့် အကြီးစား နေရောင်ခြည်စွမ်းအင် စီမံကိန်းများမှသည် ပထမဆုံး လေစွမ်းအင် သရုပ်ပြစီမံကိန်းများအထိ...
တရုတ်နိုင်ငံအနေဖြင့် လာမည့် နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ခရီးသည်များ ဘေးကင်း၍ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အစီအမံများ ဆောင်ရွက်လျက်ရှိသည်။ မိသားစုအများအပြား ပြန်လည်ဆုံစည်းခြင်း၊ ခရီးသွားလာမှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းတို့က တရုတ်ပြက္ခဒိန်တွင် နှစ်သစ်တစ်နှစ်စတင်သည့် အထိမ်းအမှတ်ဖြစ်သော နွေဦးပွဲတော်၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး၊ မိုးလေဝသ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးနှင့် အခြားနယ်ပယ်များကို တာဝန်ယူထားသည့်...
တရုတ်ကမ်းခြေစောင့်တပ် (CCG) မှ ရေယာဉ်စုတစ်စုသည် တရုတ်နိုင်ငံ၏ တျောက်ယွီသောင် ရေပိုင်နက်အတွင်း ဇန်နဝါရီ ၈ ရက်က ကင်းလှည့်လည်ခဲ့ကြောင်း၊ ထိုသို့ကင်းလှည့်ခြင်းမှာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း CCG က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua) ………………………… (English Version) China...
တရုတ်နိုင်ငံအနေဖြင့် လီသီယမ် တူးဖော်ရှာဖွေရာ၌ သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ကာ ကမ္ဘာပေါ်တွင် လီသီယမ်သတ္တုသိုက် ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ သယံဇာတအရင်းအမြစ်ဝန်ကြီးဌာန လက်အောက်ရှိ တရုတ်ဘူမိဗေဒ လေ့လာရေးဌာန၏ အဆိုအရ တရုတ်နိုင်ငံရှိ လီသီယမ်သတ္တုသိုက် ပမာဏမှာ တစ်ကမ္ဘာလုံးရှိ စုစုပေါင်းပမာဏ၏ ၆ ရာခိုင်နှုန်းမှ ၁၆.၅ ရာခိုင်နှုန်းအထိ...
တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုက အမှီအခိုကင်းသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာ၌ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အတုယူစရာများကို ပေးစွမ်းလျက်ရှိကြောင်း၊ ယင်းသည် အနောက်တိုင်းပုံစံများနှင့် ကွဲပြား၍ တရုတ်နိုင်ငံ၏ ပကတိအခြေအနေနှင့် အံဝင်ခွင်ကျဖြစ်စေရန် စီမံထားသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း အယ်လ်ဂျီးရီးယား ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ အယ်လ်ဂျီးရီးယား-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဖြစ်သူ...
ပွင့်လင်းသောစိတ်ဓာတ်၊ အားလုံးပါဝင်နိုင်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို လက်ခံကျင့်သုံးကာ BRICS အဖွဲ့၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်မားစွာ တိုးတက်ရေးကို မြှင့်တင်ရာ၌ တရုတ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက် BRICS...
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ တရုတ်အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဝမ်ရှောင်ဟုန်သည် အိမ်ဖြူတော် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးရာရုံး ညွှန်ကြားရေးမှူး ရာဟူး ဂူ(ပ်)တာနှင့် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုကြောင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများမှာ...