ဆိုးလ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်သည့်လေ့ကျင့်မှုများကို မတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း KCNA သတင်းဌာန၏ မတ် ၁၇ ရက် ဖော်ပြချက်များအရ သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ မိမိနိုင်ငံ မဟာဗျူဟာတပ်ဖွဲ့၏ “အလွန်အားကောင်းသော တန်ပြန်နိုင်စွမ်း”ကို ပြသခြင်း ဖြစ်သလို...
ဆိုးလ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ် နှင့် ဒေသတွင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန်နိုင်ငံ နှင့် စစ်ရေးလေ့ကျင့်မှုများအား အဆုံးသတ်ရေးအတွက် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယား ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် လူအုပ်ပိမှုကြောင့် သေဆုံးသွားသူများအတွက် ဆိုးလ်ပလာဇာတွင် ပြုလုပ်ထားသော ကြေကွဲဝမ်းနည်းခြင်းနေရာ၌ နိုဝင်ဘာ ၁ ရက်က ကြေကွဲဝမ်းနည်းသူများကို တွေ့ရသည်။ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ အီထယ်ဝန်ခရိုင်တွင် အောက်တိုဘာ ၂၉ ရက်ညပိုင်းက ဟောလိုးဝင်းပွဲတော် လူစုဝေးမှုအတွင်း လူအုပ်ပိမှုကြောင့် သေဆုံးသူအရေအတွက်မှာ ညတွင်းချင်း မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက...
ဆိုးလ်၊ ဩဂုတ်၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ COVID-19 ရောဂါတစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသဖြင့် မြို့တော်အတွင်းနှင့် အနီးဝန်းကျင်ရှိ ကျောင်းသားများကိုယ်တိုင် တက်ရောက်သင်ကြားရသော အတန်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဩဂုတ်၂၅ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တောင်ကိုရီယားနိုင်ငံ ဆိုးလ် မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-Soon) သည် ထွက်ခွာသွားချင်ကြောင်းပြောကြားခဲ့ပြီးနောက် ယနေ့ (ဇူလိုင် ၉ ရက်) တွင် ပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အား ကိုးကား၍ ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။