ဖူအော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ထောပတ်သီး စားနည်း ဘယ်နှမျိုး ရှိပါသနည်း။ မကြာသေးခင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအော်မြို့ မုန့်လျန်ခရိုင်တွင် ကျင်းပခဲ့သော ထောပတ်သီးပွဲတော်က အဖြေပေးပါလိမ့်မည်။ ပွဲတော်ကာလတွင် ထောပတ်သီးခူးဆွတ်ပွဲ အခမ်းအနား၊ ထောပတ်သီးရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကုန်စည်မှာယူပွဲ၊ ထောပတ်သီး စားကောင်းသောက်ဖွယ် ချက်ပြုတ်ပြိုင်ပွဲ၊...
ကူမင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ဈေးကွက်ကို အလျဉ်မီ ရောက်ရှိရေးနှင့် ဈေးကောင်းရနိုင်ရေးအတွက် တရုတ်-မြန်မာ နယ်စပ် မုန်လျန်ခရိုင်တွင် သစ်သီးဝလံစိုက်ပျိုးသော တောင်သူများက ထောပတ်သီးမှည့်များ ခူးဆွတ်ခြင်းဖြင့် အလုပ်များပြားလျက်ရှိသည်။ ထောပတ်သီးသည် တရုတ်နိုင်ငံ နောက်တောင်ပိုင်း ယူနန်ပြည်နယ် မုန့်လျန်ခရိုင်၏ စီးပွားဖြစ် သီးနှံဖြစ်ရာ ယင်းခရိုင်တွင်...