ပြည်တွင်းပြည်ပစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးတိုးတက်မှုက ၎င်းနိုင်ငံ၏ စီးပွားရေးအင်အားကို ထင်ဟပ်ပြသကြောင်း အီဂျစ်စီးပွားရေးပညာရှင်တစ်ဦးက ယခုရက်ပိုင်း ဆင်ဟွာ အင်တာဗျူးတွင် ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/DPS ———————— Interview: China’s rising foreign trade in 2022 reflects economic...
လားဆ၊ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ပြည်ပကုန်သွယ်မှုသည်၂၀၂၁ခုနှစ်က၈၈.၃ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းဒေသခံအကောက်ခွန်ဌာနအရသိရသည်။ တိဗက်ဒေသ၏သွင်းကုန်နှင့်ပို့ကုန်သည်ယမန်နှစ်က ယွမ်၄ဘီလီယံကျော်(အမေရိကန်ဒေါ်လာ၆၃၂သန်းခန့်)ရှိခဲ့ကြောင်းဒေသမြို့တော်လားဆရှိအကောက်ခွန်ဌာနကပြောကြားခဲ့သည်။ စုပေါင်းပို့ကုန်များမှာ ယမန်နှစ်ကထက်၇၄.၁ရာခိုင်နှုန်း၊ယွမ် ၂.၂၅ဘီလီယံမြင့်တက်ခဲ့သလို သွင်းကုန်မှာလည်း ၁၁၀ရာခိုင်နှုန်း၊ယွမ်၁.၇၆ဘီလီယံရှိခဲ့ရာကုန်သွယ်မှုပိုငွေမှာယွမ်၄၈၈သန်းရှိခဲ့ကြောင်းသိရသည်။ ၂၀၂၁ခုနှစ်တွင်တိဗက်ဒေသကမှိုနှင့်လက်ဖက်ခြောက်အပါအဝင်ယွမ်သန်း၃၀ကျော်တန်ဖိုးရှိသောလယ်ယာစိုက်ပျိုးရေးနှင့်တိရစ္ဆာန်မွေးမြူရေးအထူးထုတ်ကုန်များကိုတင်ပို့ခဲ့ကြောင်းအကောက်ခွန်အကြီးအကဲLiJinကပြောခဲ့သည်။ နီပေါနိုင်ငံသည်ယင်းဒေသ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီးတိဗက်ဒေသ၏ပို့ကုန်များမှာယမန်နှစ်ကထက်၆၉.၄ရာခိုင်နှုန်း၊ယွမ်၁.၈ဘီလီယံအထိတိုးချဲ့လျက်ရှိကြောင်းသိရသည်။ (Xinhua) —————————- (English Version) China’s Tibet sees foreign trade up 88.3 pct...