Connect with us

China

တရုတ်နိုင်ငံတိဗက်ဒေသတွင်၂၀၂၁ ခုနှစ်က ပြည်ပကုန်သွယ်မှု၈၈.၃ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတိဗက်အထူးအုပ်ချုပ်ခွင့်ရဒေသYadongကောင်တီတွင်နိုင်ငံတကာနယ်စပ်ကုန်သွယ်ရေး၊ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုပွဲတော်အတွင်းတိဗက်ဖိနပ်များအားဝယ်သူများကရွေးချယ်နေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

လားဆ၊ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ပြည်ပကုန်သွယ်မှုသည်၂၀၂၁ခုနှစ်က၈၈.၃ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းဒေသခံအကောက်ခွန်ဌာနအရသိရသည်။

တိဗက်ဒေသ၏သွင်းကုန်နှင့်ပို့ကုန်သည်ယမန်နှစ်က ယွမ်၄ဘီလီယံကျော်(အမေရိကန်ဒေါ်လာ၆၃၂သန်းခန့်)ရှိခဲ့ကြောင်းဒေသမြို့တော်လားဆရှိအကောက်ခွန်ဌာနကပြောကြားခဲ့သည်။

စုပေါင်းပို့ကုန်များမှာ ယမန်နှစ်ကထက်၇၄.၁ရာခိုင်နှုန်း၊ယွမ် ၂.၂၅ဘီလီယံမြင့်တက်ခဲ့သလို သွင်းကုန်မှာလည်း ၁၁၀ရာခိုင်နှုန်း၊ယွမ်၁.၇၆ဘီလီယံရှိခဲ့ရာကုန်သွယ်မှုပိုငွေမှာယွမ်၄၈၈သန်းရှိခဲ့ကြောင်းသိရသည်။

၂၀၂၁ခုနှစ်တွင်တိဗက်ဒေသကမှိုနှင့်လက်ဖက်ခြောက်အပါအဝင်ယွမ်သန်း၃၀ကျော်တန်ဖိုးရှိသောလယ်ယာစိုက်ပျိုးရေးနှင့်တိရစ္ဆာန်မွေးမြူရေးအထူးထုတ်ကုန်များကိုတင်ပို့ခဲ့ကြောင်းအကောက်ခွန်အကြီးအကဲLiJinကပြောခဲ့သည်။

နီပေါနိုင်ငံသည်ယင်းဒေသ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီးတိဗက်ဒေသ၏ပို့ကုန်များမှာယမန်နှစ်ကထက်၆၉.၄ရာခိုင်နှုန်း၊ယွမ်၁.၈ဘီလီယံအထိတိုးချဲ့လျက်ရှိကြောင်းသိရသည်။ (Xinhua)
—————————-
(English Version)
China’s Tibet sees foreign trade up 88.3 pct in 2021
Source: Xinhua
Editor: huaxia
2022-02-01 09:39:46
LHASA, Feb. 1 (Xinhua) — Foreign trade of southwest China’s Tibet Autonomous Region surged 88.3 percent year on year in 2021, according to data from local customs.
Tibet’s imports and exports exceeded 4 billion yuan (about 632 million U.S. dollars) last year, the customs in Lhasa, the regional capital, said.
Combined exports rose 74.1 percent year on year to about 2.25 billion yuan, while imports rose 110 percent to 1.76 billion yuan, with a trade surplus of 488 million yuan.
In 2021, Tibet exported specialty agricultural and animal husbandry products worth over 30 million yuan, including matsutake and black tea, said Li Jin, head of the customs.
Nepal remains the region’s largest trading partner, with Tibet’s exports to the country expanding 69.4 percent year on year to 1.8 billion yuan. ■
Photo : Customers choose Tibetan boots during an international border trade, tourism and culture festival in Yadong County, southwest China’s Tibet Autonomous Region, June 2, 2019. (Xinhua/Zhang Rufeng)