Local2 years ago
လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို (GACC) တွင် မှတ်ပုံတင်ကာ တရုတ်နိုင်ငံသို့တင်ပို့မည်
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လာမည့်ပြောင်းဖူးရာသီတွင် အစေ့ထုတ်ပြောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင်မှတ်ပုံတင်ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၆ ရက်တွင်ပြောသည်။