ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၉,၀၀၀ ကျော်အား တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားချက်အရ သိရသည်။
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၃၄၆ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၉၉၈,၈၀၀ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၂၇.၅.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ရန်ကုန် ၊ မေ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်း စံပြကျေးရွာရှိ မြက်တံမြက်စည်း လုပ်ငန်း အလုပ်ရုံ မြင်ကွင်းများကို ရိုက်ကူးဖော်ပြအပ်ပါသည် ။
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့် တရုတ်ယဉ်ကျေးမှုကို ကောင်းမွန်စွာနားလည်သဘောပေါက်ကာ တရုတ်မိခင်ဘာသာစကားပြောကြားသူများနှင့် မိတ်ဆွေများ ရရှိခြင်း စသည့် အကျိုးကျေးဇူးမြောက်မြားစွာ ရရှိကြောင်း အသက် ၁၈ နှစ်အရွယ် မောင်ဖုန်းစင်ကြယ်က ပြောကြားခဲ့သည်။
အောင်လံ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ပြလို့ကျေးရွာ၊ စမ်းကလေးကျေးရွာ၊ မိုးကောင်းကျေးရွာ၊ သမ္ဘူလကျေးရွာများတွင် သီဟိုဠ်ပင်စတင်စမ်းသပ်စိုက်ပျိုးနေကြရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။ သီဟိုဠ်မျိုးစေ့ကဒေသမျိုးဖြစ်ပြီး အစေ့အသန့်ကို တိုက်ရိုက်စိုက်ပျိုးကြကာ ယခုနှစ်တွင် အသီးအဆန်အထွက်နှုန်းပိုကောင်းကြောင်း၊ သီဟိုဠ်တစ်ဧကလျှင် အပင်၉၀ ကျော်မှ ၁၀၀ အထိ စိုက်ပျိုးကြပြီး...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းမှုအဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသတွင် လက်တွဲဆောင်ရွက်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည်ဟု သံသယရှိသူ ၈၀၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဧပြီ ၁...
မကွေး၊ မတ် ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ရှင်မတောင်ဘုရားသို့ ဘုရားဖူးလာရောက်ကြသူများကို ရိုက်ကူးတင်ဆက်ထားသော ရုပ်သံဖိုင်ဖြစ်သည်။ (Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် တိုက်တွန်းမှုအရ ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အတွင်း မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA နှင့် AA စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့ရာ တရားဝင်...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘက်အသီးသီးအနေဖြင့် နိုင်ငံမြောက်ပိုင်း အခြေအနေကို သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့တွင် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာသော မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ...