Environment, Disasters & Accidents3 months ago
မြန်မာနိုင်ငံတွင် ရေဘေးကယ်ဆယ်ရေးတွင် စိတ်အားထက်သန်စွာကူညီဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဒေသများစွာ၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ အပြင်းအထန်ကြုံတွေ့ခဲ့ရသည်။ ထိုသို့ရင်ဆိုင်ကြုံတွေ့ခဲ့ရာတွင် စေတနာ့ဝန်ထမ်းများက ဒေသခံအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ခဲ့ကြသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် အရေးပေါ်ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသော...