လားဆ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကမ္ဘာ့အမြင့်ဆုံး လေအားလျှပ်စစ်စီမံကိန်းဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာ၌ လေအားလျှပ်စစ် တိုးမြှင့်ဖော်ဆောင်မှုအတွက် နောက်ထပ်အောင်မြင်မှု ရရှိခဲ့ကြောင်း၊ အဆိုပါ လေအားလျှပ်စစ်စီမံကိန်းသည် ဒီဇင်ဘာ၁၀ ရက်အထိ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၂၂ သန်းကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)...
ဟဲဖေး၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းအတွက် လေဒလက်ကြီးများကို တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ စုစုပေါင်း လေဒလက် ၈၄ ခုကို တပ်ဆင်ထားခြင်းဖြစ်ပြီး ၎င်းမှာပြည်နယ်အတွင်း အကြီးဆုံးလေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို ယခုနှစ်နိုဝင်ဘာလတွင်စတင်အသုံးပြုနိုင်ရန်လျာထားပြီး နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ်တန်ချိန်ပေါင်း ၅၅၀,၀၀၀ တန် ခန့်လျှော့ချနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဆင်ဟွာသတင်းထောက်များက...