အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် (NCA) အတည်ပြု မူကြမ်းကို မတ်လ ၃၁ရက်နေ့မှာ သမ္မတဦးသိန်း စိန်ကို ရှေ့မှောက်မှာ နှစ်ဖက် ကိုယ်စားလှယ်တွေက ပမာဏအဆင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါ တယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၇ရက်နေ့မှာ ပြန်လည်စတင်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ကျန်ရှိတဲ့ အချက် ၈ချက်ကို အပြီးသတ် ဆွေးနွေးမှာဖြစ်ပါတယ်။