ပေကျင်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်ပေးသော မည်သည့်အစိုးရမဆို လုပ်သင့်လုပ်ထိုက်သည့်အတိုင်း သေနတ်ပစ်ခတ်အကြမ်းဖက်မှုမှ ၎င်းတို့၏ ပြည်သူများအား ကာကွယ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဝါရှင်တန်ဒီစီ၌ ဇွန် ၁၉ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံးကာ လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လုံခြုံရေးအကူအညီအစီအစဉ်အသစ်အနေဖြင့် ယူကရိန်းနိုင်ငံသို့ တာလတ်ပစ် ဒုံးကျည်စနစ်များ ပေးပို့သွားမည် ဖြစ်ကြောင်း အဆင့်မြင့် အစိုးရအရာရှိများက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏ အရှေ့ဘက်ခြမ်းရှိ ပစ်မှတ်များအား ပိုမိုတိကျစွာ ပစ်ခတ်နိုင်စေရန် မြင့်မားသောရွေ့လျားနိုင်မှုအမြောက်တပ်ဒုံးကျည်စနစ်များ(HIMARS) အပါအဝင်...
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား သွားပုပ်လေလွင့်စွပ်စွဲပြီး မတရားသဖြင့် ရှုတ်ချဝေဖန်ရန် အလိမ်အညာများ နှင့် ကောလာဟလများ အမျိုးမျိုးဖြန့်ခြင်း နှင့် လုပ်ကြံပြောဆိုခြင်းအား ရပ်တန့်ရန် နှင့် လူ့အခွင့်အရေးကိစ္စဟု အမည်တပ်ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအား မဆီမဆိုင်...
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)သည် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ထက် နိုင်ငံရေးလေလုံး ပိုများနေကြောင်း နာမည်ကြီး ကမ္ဘောဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၌ အကြိမ်ကြိမ် အကြီးအကျယ်သေနတ်ပစ်ခတ်မှုများကြောင့် ကြီးမားများပြားသော သေဆုံးမှုများကို စိတ်မကောင်း ဖြစ်ရကြောင်း ၊ တက္ကဆက်စ်ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် ကျန်ရစ်သည့်မိသားစုဝင်များအား ထပ်တူဝမ်းနည်းကြေကွဲရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ...
ပေကျင်း ၊ မေ ၁၉ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် တောင်းဆိုချက်အရ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် မေ ၁၈ ရက်တွင် တယ်လီဖုန်း လက်ခံပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ CPC ဗဟိုကော်မတီ...
နယူးယောက် ၊ မေ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူအရေအတွက်မှာ မေ ၁၇ ရက်တွင် ဆိုးရွားသောသမိုင်းမှတ်တိုင်အဖြစ် ၁ သန်းထိ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအကြောင်း ပြောဆိုရန် အမှန်တကယ်အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် လုပ်သင့်သည်မှာ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တရားမဝင်ထိန်းချုပ်ထားခြင်းကို ချက်ချင်းရုတ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို လက်နက်များ ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား သံတမန်ရေးရာပေးစာတစ်စောင်အား ပေးပို့ခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် Anatoly Antonov က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။