အမေရိကန်က ဆီးရီးယားကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်

ဆီးရီးယားနိုင်ငံ သိပ္ပံသုတေသနစင်တာသို့ ဦးတည်ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ- အင်တာနက်) Africa & Middle East

ဒမတ်စကက်စ် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်စ်ကို ဒုံးကျည်များဖြင့် ဧပြီ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်နေပြီး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် တီဗွီ၏ ထုတ်လွှင့်ချက် နှင့် ဒမတ်စကက်စ်သို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် ၏ ပေးပို့ချက်အရ သိရသည်။

ဒမတ်စကက်စ်မြို့ကောင်းကင်ယံ၌ ဒုံးကျည်အလင်းရောင်များဖြင့် ဖြာထွက်လျက်ရှိကြောင်း ၊ ဒမတ်စကက်စ်မြို့မြောက်ပိုင်းရှိ သိပ္ပံသုတေသနစင်တာကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း နှင့် အမေရိကန်ဒုံးကျည် ၁၃ စင်းကို ဒမတ်စကက်စ်မြို့အနီး၌ ဆီးရီးယားနိုင်ငံ လေကြောင်းရန် ကာကွယ်ရေးက ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)