တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း အီဂျစ်တာဝန်ရှိသူ ပြောကြား

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဂျပန်ကျူးကျော်မှုကို ခုခံတော်လှန်ခဲ့သော တရုတ်ပြည်သူများ၏ စစ်အောင်နိုင်ခြင်းနှင့် ကမ္ဘာ့ဖက်ဆစ်စနစ်တိုက်ဖျက်ရေး စစ်ပွဲအောင်နိုင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ) Africa & Middle East

ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ၎င်း၏ပြည်သူများသည် ဂျပန်၏ ကျူးကျော်မှုကို နှစ်များစွာခံစားခဲ့ရသည်ဟု မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတွင် Adly က ပြောခဲ့သည်။

တရုတ်ပြည်သူများသည် ကျူးကျော်မှုများကို ကြီးမားသောစွန့်လွှတ်မှုများနှင့် ရဲရဲရင့်ရင့် ခုခံတွန်းလှန်ခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

ဖက်ဆစ်နဲ့နာဇီကျူးကျော်မှုများကြောင့် လွန်စွာထိခိုက်နာကျင်ခဲ့ရသည့်  အခြားသော နိုင်ငံများကဲ့သို့ပင် တရုတ်ပြည်သူများလည်းခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။

“တရုတ်ကွန်မြူနစ်ပါတီ (CPC) က ဂျပန်တို့ရဲ့ ကျူးကျော်မှုကို တော်လှန်ရာမှာကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး  ပြည်သူများရဲ့ ခံနိုင်ရည်ရှိမှုကို ပြင်ဆင်ပေးခဲ့တယ်။ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး နိုင်ငံသားတွေကိုလည်း ကျူးကျော်သူများအား မည်သို့မည်ပုံ ခုခံရမည် ရင်ဆိုင်ရမည် ဆိုသည်ကို လေ့ကျင့်ပေးခဲ့တယ်” ဟု Adly က ဆင်ဟွာကို ပြောခဲ့သည်။

ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် CPC ၏ အခြေခံကျပြီး အချက်အချာကျသည့် နေရာမှ ပါဝင်ခဲ့မှုကို ECP အကြီးအကဲက အလေးထားပြောခဲ့သည်။

ထိုသို့စွန့်လွှတ်အနစ်နာခံမှုများက ဒုတိယကမ္ဘာစစ်ပြီးနောက် CPC ခိုင်မာစွာပေါ်ထွက်လာစေရန် အကူအညီဖြစ်စေခဲ့ပြီး CPC နှင့်၎င်း၏ခေါင်းဆောင်မှုအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု ပိုမိုခိုင်မာလာစေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)