10
Tue, Dec
486 New Articles

တောင်အာဖရိက နိုင်ငံ ရှိ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ လူပေါင်း ၆ ဦး သေဆုံး

တောင်အာဖရိက နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ဂျိုဟန်နက်စ်ဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တောင်အာဖရိက နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမည်မသိသေးသည့် လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦး က Eastern Cape ပြည်နယ် Engcobo မြို့ ရှိ ရဲစခန်း တစ်ခု ကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး နှင့် အငြိမ်းစား အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များတွင် လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦး က ရဲစခန်း အတွင်းသို့ ဝင်ရောက် လာခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့များကို ပစ်ခတ်ခဲ့ရာ နေရာတွင် ၃ ဦး သေဆုံးခဲ့ကြောင်း ၊ ထိုနောက် ၎င်းက ရဲတပ်ဖွဲ့ မှ ကားတစ်စင်း နှင့်အတူ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကို ဖမ်းဆီးသွား ခဲ့ကြောင်း ၊ ထွက်ပြေးနေစဉ် အတွင်း အငြိမ်းစား အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့၏ ကားကို ရဲစခန်း နှင့် ၆ ကီလိုမီတာ အကွာအဝေး နေရာ တွင် ပြန်လည် တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်သူ အနေဖြင့် ရဲစခန်း မှ လက်နက်များ ကိုလည်း ယူဆောင်သွားကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် တိုက်ခိုက်ခံရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိသေးဘဲ ကနဦး စစ်ဆေးချက်များအရ တိုက်ခိုက်သူ အနေဖြင့် ရဲစခန်း အနီးရှိ ATM စက် မှ ငွေများကိုလည်း လုယူသွားခဲ့ကြောင်း သိရှိရသည်။(Xinhua)