ဆီးရီးယားနိုင်ငံ တောင်ပိုင်း၌ ဆန့်ကျင်ရေးလက်နက်ကိုင်များ အစိုးရတပ်ဖွဲ့ထံ လက်နက်ချ

ဆီးရီးယားအစိုးရတပ်က တောင်ပိုင်း နယ်စပ်ဝင်ထွက်သွားလာရေးဂိတ် Nasib ကို ပြန်လည်သိမ်းပိုက်နေစဉ် (ဆင်ဟွာ) Africa & Middle East

ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတောင်ပိုင်း Daraa ပြည်နယ်ရှိ မြို့၂ မြို့မှ ဆန့်ကျင်ရေးလက်နက်ကိုင်များသည် ဇူလိုင်လ ၁၃ ရက် ညနေပိုင်းတွင် အကြီးစားနှင့်အလတ်စားလက်နက်များကို ဆီးရီးယားအစိုးရတပ်ဖွဲ့ သို့ အပ်နှံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုသဘောတူညီချက်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

Daraa ပြည်နယ်ရှိInkhil ၊ Jasemနှင့် အနီးအဝိုက် ဒေသများက ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်လာကြောင်း ဆီရီးယားသတင်းအေဂျင်စီက ဆိုသည်။ ဇူလိုင်လ ၁၄ ရက်တွင် Daraa ပြည်နယ် Daraa မြို့ရှိ ဆန့်ကျင်ရေးလက်နက်ကိုင်များကလည်း အစိုးရတပ်ကို အကြီးစားနှင့်အလတ်စား လက်နက်များကို အပ်နှံခဲ့ကြောင်း သိရသည်။

ယင်းမတိုင်မီကလည်း ရုရှားနိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် Daraa ပြည်နယ်ရှိ ဆန့်ကျင်ရေးလက်နက် ကိုင်အချို့က လည်း အစိုးရစစ်တပ်နှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ သဘောတူညီချက်အရ ဆန့်ကျင်ရေးလက်နက်ကိုင်များအား အကြီးစားနှင့် အလတ်စား လက်နက်များကို အပ်နှံရန်တောင်းဆို ထားပြီး ၎င်းတို့ကို ဆီးရီယားမြောက်ပိုင်း ဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့်နေရာသို့ ဆုတ်ခွါခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောလ ၁၉ ရက်မှစ၍ ဆီးရီးယားအစိုးရတပ်က Daraa ပြည်နယ်ရှိ ဆန့်ကျင်ရေးလက်နက်ကိုင် များကို စစ်ရေးအရတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အစိုးရတပ်က Daraa ပြည်နယ်အရှေ့ပိုင်းဒေသများကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်သည့် အပြင် Daraa ပြည်နယ်ရှိ Daraa မြို့နှင့် ဂျော်ဒန်နှင့်ဆက်စပ်နေသော တောင်ပိုင်း နယ်စပ်ဝင်ထွက် သွားလာရေးဂိတ်Nasibကို လည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

Daraaပြည်နယ်တောင်ပိုင်းသည် ဂျော်ဒန်နှင့်ဆက်စပ်နေပြီး ဆီးရီးယားအကြပ်အတည်း ၊ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုများ အစောဆုံးဖြစ်ပွားခဲ့သည့်နေရာဖြစ်သည်။ ဆန့်ကျင်ရေး လက်နက်ကိုင် များနှင့် အစွန်းရောက်အဖွဲ့အစည်းများက Daraaပြည်နယ်ကို ကာလကြာရှည် ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)