ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ယခုလ ၂၀ ရက် ထရမ့် တာဝန်မထမ်းဆောင်မီ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်အတွက် အစ္စရေးအား တိုက်တွန်းရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့် ခန့်အပ်ထားသော အရှေ့အလယ်ပိုင်းအရေး...
လက်ဘနွန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီသည် ဆီးရီးယားနိုင်ငံ၏ လက်ရှိခေါင်းဆောင်ဖြစ်သူ အာမက် အယ်လ်-ရှာရာနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဒမတ်စကပ်စ်မြို့သို့ ဇန်နဝါရီ ၁၁ ရက်၌ ရောက်ရှိလာခဲ့ရာ ယင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော လက်ဘနွန် ဝန်ကြီးချုပ်တစ်ဦး ဆီးရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဥ်ဖြစ်သည်ဟု ဆီးရီးယား အွန်လိုင်းသတင်းစာ အယ်လ်-ဝါတန်၏...
တရုတ်-နိုင်ဂျီးရီးယား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ဂျီးရီးယား သမ္မတ ဘိုလာအာမက် တီနူဘူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား နိုင်ဂျီးရီးယားနိုင်ငံ၏မြို့တော် အဘူဂျာတွင် ဇန်နဝါရီ ၉ ရက်၌ လက်ခံတွေ့ဆုံခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တီနူဘူအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏...
ဆီးရီးယား ယာယီအစိုးရက ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး ဆက်လက်မြှင့်တင်လျက်ရှိသဖြင့် ဒမတ်စကပ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်က ယူအေအီးနိုင်ငံနှင့် ကာတာနိုင်ငံကြား လေကြောင်းခရီးစဉ်များကို ဇန်နဝါရီ ၇ ရက်၌ ပြန်လည်ပြေးဆွဲခဲ့သည်။ ယူအေအီးနိုင်ငံ ရှာဂျာမြို့သို့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပထမဆုံး လေယာဉ် ပျံသန်းထွက်ခွာသွားခဲ့သလို နောက်ထပ်လေယာဉ်တစ်စင်းကလည်း ၁၃ နှစ်တာကာလအတွင်း...
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဘယ်သောအခါမျှ တိမ်ရှောင်ခဲ့ခြင်းမရှိကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က မြို့တော် ဟီတီရန်တွင် ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အီရန်နှင့် အမေရိကန် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဖြစ်နိုင်၊...
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီးသည် ပြောင်းလဲရှုပ်ထွေးပြီး မငြိမ်မသက်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဂါဇာဒေသစစ်မက်မီးလျှံများ အဆက်မပြတ် ပြင်ပသို့ ယိုလျှံလောင်ကျွမ်းလာမှု၊ ရုရှား-ယူကရိန်းပဋိပက္ခ ကာလတာရှည် ပိုမိုဆိုးရွားလာမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံအများအပြား နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ရန် ခက်ခဲမှု၊ ရာသီဥတုပြောင်းလဲမှု ပြဿနာ...
Tianjin မျက်စိဆေးရုံမှ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အဘာဘာရှိ Tirunesh Beijing ဆေးရုံတွင် မျက်စိအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ကို ဇန်နဝါရီ ၃ ရက်၌ တရားဝင်စတင်ခဲ့ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0ds …………………………………….. (English Version) Chinese medical...
ဆီးရီးယားနိုင်ငံ၌ မကြာမီပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲသည် ဆီးရီးယားပြည်သူ အားလုံးနှင့် နယ်ပယ်အသီးသီးကို ကိုယ်စားပြုကာ လူထု၏ မျှော်လင့်ချက်များနှင့် ကိုက်ညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ အကြီးအကဲဖြစ်သူ ဟာဒီ အယ်လ်-ဘာရာက ဇန်နဝါရီ ၄ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲနှင့် စပ်လျဥ်း၍ အသေးစိတ် အစီအစဥ်များ...
အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) လက်ရှိ အာဖရိက-တရုတ်ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသည့် မြင့်မားသော အဆင့်သို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ဂျီးရီးယား၊ အာဖရိကတိုက်နှင့် ကမ္ဘာကြီး၏ အခွင့်အလမ်းဖြစ်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ သမ္မတဟောင်း Olusegun Obasanjo သည် မကြာသေးမီက...
ဂျေရုဆလမ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။