25
Sat, Jan
463 New Articles

အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဟု အီရန် သမ္မတ ဆို

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) အား ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၆ ရက်က ကုလသမဂ္ဂညီလာခံ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

တီဟီရန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

အမေရိကန်၏ပိတ်ဆို့မှုများက အီရန်စီးပွားရေးအတွက် ဖိအားဖြစ်နေသော်လည်း အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က မတ်လ ၆ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်၏ပိတ်ဆို့မှုက နျူကလီးယားပြဿနာကြောင့်မဟုတ်ဘဲ အီရန်၏လက်ရှိ အချုပ်အခြာ အာဏာကို တွန်းလှန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟက်ဆန်ရိုဟာနီ (Hassan Rouhani) က ပြောကြားခဲ့သည်။

“အမေရိကန်နှင့် ကျွန်တော်တို့ဟာ စီးပွားရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်၏ ပိတ်ဆို့မှုများက အီရန်စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ အကျပ်တည်းဖြစ်စေ သော်လည်း လုံးဝအရှုံးပေးသွားမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်သမ္မတ ထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး သဘောတူညီချက်ကြောင့် ရပ်ဆိုင်းထားသည့် အီရန်အပေါ် ပိတ်ဆို့မှု များကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ပိတ်ဆို့မှုများတွင် ရေနံ၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင် ရေး စသည့် ကဏ္ဍများပါဝင်ရာ အီရန် စီးပွားရေးအတွက် ဖိအားဖြစ်စေခဲ့သည်။ (Xinhua)