23
Thu, May
582 New Articles

အီဂျစ်နိုင်ငံ မြို့ တော် နိုင်းမြစ် အတွင်း ရေပေါ်စားသောက်ဆိုင်၌ မီးလောင်မှု ဖြစ်ပွား 

နိုင်းမြစ် အတွင်း ရေပေါ်စားသောက်ဆိုင် မီးလောင်မှု မြင်ကွင်းအား တွေ့ ရစဉ်(ဆင်ဟွာ) Africa & Middle East

ကိုင်ရို ၊ မတ် ၈ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့ တော် ကိုင်ရိုရှိ နိုင်းမြစ် အတွင်း မတ် ၇ ရက် ညနေပိုင်းတွင် သုံးထပ် အဆောက်အအုံရှိ ရေပေါ်စားသောက်ဆိုင် တစ်ခုသည် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေမှုအား တွေ့ မြင်ရကြောင်း မျက်မြင်တွေ့ ရှိသူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မီးသတ်ယာဉ် အများအပြားသည် အခင်းဖြစ်ပွားရာ စားသောက်ဆိုင်၏ မီးခိုးမီးလျှံများအကြားတွင် ခေါက်တုံ ခေါက်ပြန် ပြေးလွှား ငြိမ်းသတ်နေကြကြောင်း ၄င်းတို့ က ပြောကြားခဲ့သည်။

“River Pioneers ရေပေါ်စားသောက်ဆိုင်မှာ မီးအကြီးအကျယ် လောင်ကျွမ်းနေပြီးတော့ အခုထိတော့ သေဆုံး/ ဒဏ်ရာ ရသူတွေကို မတွေ့ ရသေးဘူး။”ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးက ပြောသည်။

လူ ၃ ဦးမှာ အသက်ရှုကြပ်ဒဏ် ခံစားခဲ့ရသော်လည်း ရှေးဦးသူနာပြု ကယ်ဆယ်ရေးများ ဆောင်ရွက်ပြီးနောက် ပြန်လည် ကောင်းမွန်သွားကြောင်း ဆရာဝန် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။(Xinhua)