24
Sat, Aug
525 New Articles

ဆော်ဒီလေဆိပ်တွင် မောင်းသူမဲလေ့ယာဉ်ဖြင့် တိုက်ခိုက်မှုက ယီမင်နိုင်ငံ၏ ဟူသီသူပုန်များ လက်ချက်ဖြစ်

ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက် အက်ဘ်ဟာလေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ဆန်နား၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ဘက် အက်ဘ်ဟာလေဆိပ် လတ်တလောတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း ယင်းအဖွဲ့၏ အယ်လ်မာစီရာရုပ်သံက ဇွန်လ ၁၄ ရက် အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

ယီမင်နိုင်ငံ မြို့တော် ဆန်နားတွင် ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့တစ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အပြန်အလှန်အနေဖြင့် ၎င်းတို့အဖွဲ့က လေဆိပ်အား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သူပုန်အဖွဲ့က ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီနိုင်ငံပိုင် အယ်လ် အာရေဘီယာရုပ်သံကလည်း အက်ဘ်ဟာလေဆိပ်နှင့် နယ်စပ်မြို့ဖြစ်သော ခါမစ် မူရှိတ် (Khamis Mushait) မြို့တို့တွင် ဟူသီစစ်သွေးကြွများမှ လုပ်ဆောင်သော ဗုံးတပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်များအား ကြားဖြတ်ကာ ဖျက်ဆီးခဲ့ကြောင်း သတင်းတင်ပြထားသည်။

“လေဆိပ်နဲ့ လေကြောင်းသွားလာရေးတွေက ပုံမှန်လည်ပတ်နေပါတယ်” ဟု ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တာကီ အယ်လ် မာလီကီ (Turki Al Maliki) ၏ ပြောကြားချက်အား ကိုးကား၍ အယ်လ် အာရေဘီယာရုပ်သံက ဖော်ပြထားသည်။

အဆိုပါ လေဆိပ်အား ယခုအကြိမ်တိုက်ခိုက်မှုသည် ဇွန်လ ၁၂ ရက်က အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် လူ ၂၆ ဦး ဒဏ်ရာရခဲ့သည့် ခရုစ်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုပြီးနောက် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)