ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) သမ္မတရုံး ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများတွင် ဒုတိယ ဝန်ကြီးများအား ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၆၀/၂၀၁၆ အား ထုတ်ပြန် ကြေညာ ခဲ့သည်။
ပါရီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြင့်သော (Ballon d’Or) ရွှေဘောလုံးဆု ကို ခရစ်တီယာနို ရော်နယ်ဒိုသည် ဒီဇင်ဘာလ ၁၂ ရက်က လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားကြောင်းသိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဘဏ်များ၏ ဒါရိုက်တာ အဖွဲ့တွင် ပါဝင်သူများ ၊ အကြံပေးများနှင့် ဘဏ်နှင့် ဆက်နွယ်သည့် အရာရှိများ အနေဖြင့် ပြည်ပတွင် နိုင်ငံခြား ငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း ရှိပါက တင်ပြရန် ဘဏ်များသို့မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အကြောင်းကြားထားကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ကော်မရှင် နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ ဖွဲ တို့၏...
တိုင်ယွမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းများ တည်ထားသော နာမည် ကျော်ကြားသည့် တောင် လေးခုအနက်မှ ဝူထိုင်တောင် (Mount Wutai) အနီးဝန်းကျင်၌ ခေတ်သစ် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ရန်အတွက် ရှန်ရှီး ကေဘယ်လ်နှင့် အသံလွှင့်ခြင်း သတင်းအချက်အလက် ကွန်ရက်နှင့်...
ဘိုဂိုတာ၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) ကိုလံဘီယာ စစ်သား ၅ဦးလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ကာရေဘီယံကျွန်းများဖြစ်သည့် Providencia ကျွန်း နှင့် San Andres ကျွန်းကြားတွင် ပျက်ကျခဲ့သော်လည်း ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကိုလံဘီယာ ရေတပ်က ဒီဇင်ဘာ ၁၀ရက်တွင်ပြောကြားခဲ့သည်။
မနီလာ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၁၁ ရက်တွင် အစိုးရတပ်ဖွဲ့နှင့် အဘူဆေးယက်ဖက်သူပုန်တပ်ဖွဲ့တို့အကြား ၂ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ သူပုန်တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကတ်စ် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Palmyra ရှေးဟောင်းမြို့တော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် အိုင်အက်စ်(IS) အကြမ်းဖက်သမားများက ပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ၎င်းမြို့မှာ လွန်ခဲ့သော ၉ လခန့်တွင် အိုင်အက်စ်တို့ထံမှ ဆီးရီးယားစစ်တပ်က သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ရှိ Coptic ခရစ်ယာန်ဘုရားကျောင်း တွင် ဒီဇင်ဘာ ၁၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး လူ ၂၅ဦးရှိလာကာ အခြားလူ ၄၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် အကွက်(၂၉၄) ကျောင်းကုန်းရပ်ရှိ ရေပန်း ဘုန်းကြီး ကျောင်းတိုက်ဝင်း၊ လက်ဖက်အုပ် ဘုန်းကြီးကျောင်းအတွင်း၌ ပေါက်ကွဲစေတတ်သော ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူ...