Connect with us

Local

ပြည်ပ၌ နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိမှု ဗဟိုဘဏ်သို့တင်ပြရန် ဘဏ်များသို့အကြောင်းကြား

ငွေလဲလှယ်ရေးဈေးကွက်တွင် ရှားပါးမှုကြောင့် တန်ဖိုးမြှင့်တက်လာသော အမေရိကန်ဒေါ်လာအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဘဏ်များ၏ ဒါရိုက်တာ အဖွဲ့တွင် ပါဝင်သူများ ၊ အကြံပေးများနှင့် ဘဏ်နှင့် ဆက်နွယ်သည့် အရာရှိများ အနေဖြင့် ပြည်ပတွင် နိုင်ငံခြား ငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း ရှိပါက တင်ပြရန် ဘဏ်များသို့မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အကြောင်းကြားထားကြောင်း သိရသည်။

နိုင်ငံခြား ငွေ စီမံခန့်ခွဲမှု ဥပဒေ ပြဌာန်းချက်များနှင့် အညီ နိုင်ငံခြားငွေ ဘဏ်စာရင်း ဆိုင်ရာ အချက် အလက် များနှင့် ဘဏ်စာရင်း လက်ကျန်ရှင်းတမ်းတို့နှင့် အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့တင်ပြရန် လိုအပ် ကြောင်း အကြောင်းကြားထားသည့် စာတွင် ဖော်ပြထားသည်။

“ဗဟိုဘဏ်အနေနဲ့ဒီလို ထုတ်ပြန်တာက ပြည်တွင်းက နိုင်ငံခြားငွေတွေ ပြည်ပမှာ ဘယ်လောက်ရောက်နေလဲ ဆိုတာ သိချင်လို့ဖြစ်မယ်။ဗဟိုဘဏ်အနေနဲ့ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် မြင့်မားနေတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ ဆောင်ရွက်တယ်လို့ ထင်ပါတယ်။ပြည်တွင်းကငွေတွေ နိုင်ငံခြားကို ဘယ်လောက်ထိ ရောက်နေလဲ။ရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းမှာ လုပ်မယ့်အစား နိုင်ငံခြားကို ရောက်ကုန်လား ဆိုတာတွေ သိနိုင်ဖို့ရည်ရွယ်တယ်လို့ထင်ပါတယ်။”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးသန်းမြင့်က ဆင်ဟွာသို့ပြောသည်။

ထို့အတူ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ ဖြစ်သည့် ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် ကုမ္ပဏီ အဖွဲ့အစည်းများက ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း ရှိပါက ဥပဒေ ပြဌာန်းချက်များနှင့် အညီ နိုင်ငံခြားငွေ ဘဏ်စာရင်း ဆိုင်ရာ အချက် အလက် များနှင့် ဘဏ်စာရင်း လက်ကျန်ရှင်းတမ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့တင်ပြသွားရေး ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများကိုလည်း အသိပေး အကြောင်းကြားရန် ဖြစ်ကြောင်း ဗဟိုဘဏ်၏ စာထဲတွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ “ဘဏ်ရဲ့သုံးစွဲသူ တွေကလဲ ပြောချင်မှာ မဟုတ်ဘူး။နိုင်ငံခြားဘဏ်တွေမှာ သူတို့ အကောင့်ဖွင့်တာ ဖြစ်တဲ့ အတွက် နိုင်ငံခြားဘဏ်ဘက်ကလဲ ပြောချင်မှာမဟုတ်ဘူး။သူတို့ဘက်ကလဲ လျှို့ဝှက်ထားမှာပဲ။နောက်တစ်ပိုင်းဖြစ်တဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေ ပြည်ပ မှာ နိုင်ငံခြားငွေ ဘဏ်စာရင်း ထားမထားဆိုတာလဲ ဒီလိုပဲ။သူတို့ကို အတင်းအကျပ်ပြောခိုင်းလို့မရဘူးလေ။ ဒီအတွက် ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့က မလွယ်ကူလောက်ဘူး။”ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် ဘဏ်များ အနေဖြင့် ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ရက်သတ္တပတ် အတွင်း တင်ပြသွားရန် ၊ လိုက်နာရန် ပျက်ကွက်သူများကို နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်စွဲဖြင့် ဖော်ပြထားသည်။ (Xinhua)