Connect with us

Africa & Middle East

ကိုင်ရိုမြို့ရှိ Coptic ခရစ်ယာန်ဘုရားကျောင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၅ဦးရှိလာ

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိုင်ရိုမြို့ရှိ ဘုရားကျောင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ရှိ Coptic ခရစ်ယာန်ဘုရားကျောင်း တွင် ဒီဇင်ဘာ ၁၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး လူ ၂၅ဦးရှိလာကာ အခြားလူ ၄၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး ဗုံးခွဲသမားများ နှင့် အခြား ဖောက်ခွဲနိုင်ခြေရှိသည့် ပစ္စည်းများအား ရှာဖွေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းကိုမူ မသိရှိရသေးကြောင်း သိရသည်။

အမည်မသိ လူတစ်ဦးသည် al-Botrossiya coptic ခရစ်ယာန်ဘုရားကျောင်းအတွင်း၌ တနင်္ဂနွေနေ့ ဝတ်ပြုသူအများအပြား ဆုတောင်းမှုပြုလုပ်နေစဉ် လက်ပစ်ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဘုရားကျောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို နိုင်ငံသတင်းဋ္ဌာန MENA ကဖော်ပြခဲ့သည်။

အီဂျစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်သား များအပါအဝင် ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.