Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ တည်ရှိရာတောင်အား ခေတ်သစ် ခရီးသွားလုပ်ငန်း အစီအစဉ်အဖြစ် တရုတ် ဖော်ဆောင်မည်

တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ်ရှိ ဝူထိုင်တောင်အား တွေ့ရစဉ် (ဆင်ဟွာ)

တိုင်ယွမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းများ တည်ထားသော နာမည် ကျော်ကြားသည့် တောင် လေးခုအနက်မှ ဝူထိုင်တောင် (Mount Wutai) အနီးဝန်းကျင်၌ ခေတ်သစ် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ရန်အတွက် ရှန်ရှီး ကေဘယ်လ်နှင့် အသံလွှင့်ခြင်း သတင်းအချက်အလက် ကွန်ရက်နှင့် သဘောတူစာချုပ် တစ်ခုအား ဒီဇင်ဘာလ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယွမ် ၄.၅ သန်း (အမေရိကန် ဒေါ်လာ ၆၅၀,၀၀၀) ရင်းနှီးမြှုပ်နှံမည့် ထို အစီအစဉ်အား “Smart Mount Wutai” ဟု အမည်ပေးထားပြီး ဝိုင်ဖိုင် (wifi) အခမဲ့ ဝန်ဆောင်မှု၊ ခရီးသွား ဧည့်သည်များအား ကောင်းမွန်သော အသံ လမ်းညွှန်မှု၊ လက်မှတ် ကြိုတင်မှာယူနိုင်ခြင်းနှင့် ဟိုတယ်နှင့် စားသောက်ဆိုင် သတင်းအချက်အလက်များ ပါဝင်သော အထောက်အပံ့ဖြစ်စေမည့် ဝန်ဆောင်မှု ကွန်ရက် စနစ် တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။

ဝူထိုင်တောင်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ယခု အကောင်အထည်ဖော်မည့် ခေတ်သစ် ခရီးသွားလုပ်ငန်းသည် ထို ပြည်နယ်၏ စီမံကိန်းထဲမှ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး ဝူထိုင်တောင်သို့ လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် အဆင်ပြေချောမွေ့စေမည် ဖြစ်သည်။

၂၀၀၉ ခုနှစ်က ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ခဲ့သော ဝူထိုင်တောင်တွင် ၁ ရာစုနှင့် ၂၀ ရာစု အစောပိုင်း ကာလအတွင်းက တည်ဆောက်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုရားကျောင်း ၅၀ ခန့် တည်ရှိကြောင်း သိရသည်။

ယင်းနေရာသည် ပြည်နယ်မြို့တော် တိုင်ယွမ်မြို့မှ ကီလိုမီတာ ၂၃၀ အကွာရှိ ရှန်ရှီးပြည်နယ် ဆင်ကျိုးမြို့၊ ဝူထိုင်နယ်မြေတွင် တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.