ဆိုးလ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lee Jae-yong သည် ဆမ်ဆောင်းလက်အောက်ခံကုမ္ပဏီ နှစ်ခုထံမှ ပြီးခဲ့သော နှစ်က အငြင်းပွားဖွယ် လာဘ်စားခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဒီဇင်ဘာလ ၆ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတာဝန်များထမ်းဆောင်ပြီးနောက် မြေထဲပင်လယ်ရှိ လေယာဉ်တင် သင်္ဘောပေါ်သို့ပြန်လည်ဆင်းသက်ခဲ့သော ရုရှားနိုင်ငံ၏ Sukhoi Su-33 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း ရုရုားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့လာရောက်တွေ့ဆုံ ဂါရ၀ ပြုခဲ့ကြပြီး ရခိုင် ပြည်နယ် အရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်...
ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဆယ်စုနှစ် တစ်ခုခန့်ကြာအောင် ဗီဇာ ထုတ်ပေးခြင်း လုပ်ငန်းများနှင့် သံရုံးလုပ်ငန်းဆိုင်ရာများ လုပ်ကိုင်နေခဲ့သည့် ဂါနာနိုင်ငံရှိ အမေရိကန် သံရုံးအတုအား ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ မြေ ၂၂၄၈၆၁ ဧကကို သဘာဝနယ်မြေများ အဖြစ် တည်ထောင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦ သစ်(T3)အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ၌ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji...
စီချွမ်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်သင်္ဘောတည်ဆောက်ရေးအဖွဲ့ Wuchang Shipbuilding Industry Group သည် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားထင်ရှားခဲ့သော ဇိမ်ခံသင်္ဘောအမျိုးအစားဖြစ်သည့်တိုင်တန်းနစ်သင်္ဘောအတိုင်း အရွယ်အစား တူ ပုံစံတူ သင်္ဘောတစ်စင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသည်။ အဆိုပါတိုင်တန်းနစ်သင်္ဘောသစ်ကြီးအား ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် စီချွမ်ပြည်နယ် တာ့ရင်စီရင်စုရှိ...
ဟေပေ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းဟေပေပြည်နယ်တွင် ကျန်းကျိမင်ဟုအမည်ရသည့် တရုတ်အမျိုးသားတစ်ဦးမှာ တစ်ခါသုံးတူ အချောင်းရေပေါင်း ၁၅ဝဝဝ ကို အသုံးပြု ကာ ရှေးဟောင်း ဘုရားကျောင်း တစ်ခု ပုံစံငယ်ကို လက်ရာမြောက်စွာဖန်တီးခဲ့သည်။ ထိုသို့ဖန်တီးရာတွင် ကော်များ သံများကိုလုံးဝအသုံးမပြုထားဘဲ တူတစ်ချောင်းနှင့် တစ်ချောင်းကို ဖြတ်တောက်ကာ...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ကမ်းခြေတွင် သဲပန်းပုရုပ်တု ၆၁ ခုကို ပြသထားကြောင်းသိရသည်။ ၁ဝမီတာ အမြင့် ရှိသည့် အမြင့်ဆုံးရုပ်တုအပါအဝင် မီတာ ၃ဝ အရှည်ရှိသည့် ရုပ်တုများလည်းပါဝင်ပြသထားသည်။ အဆိုပါရုပ်တုများမှာ လူသိများကျော်ကြားသည့် ရှုခင်းများ နှင့် ရှန်ဟိုင်းဒေသခံတို့၏ နေ့စဉ်ဘဝများကို...