Connect with us

Asia

လာဘ်စားမှုပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ကို ဆမ်ဆောင်းဒုဥက္ကဋ္ဌ ငြင်းဆို

ဆမ်ဆောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ Lee Jae-yong အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lee Jae-yong သည် ဆမ်ဆောင်းလက်အောက်ခံကုမ္ပဏီ နှစ်ခုထံမှ ပြီးခဲ့သော နှစ်က အငြင်းပွားဖွယ် လာဘ်စားခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဒီဇင်ဘာလ ၆ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။

“ အဲဒီကုမ္ပဏီ နှစ်ခု မှာ ကျွန်တော် နဲ့ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ စီမံခန့်ခွဲရေးပိုင်းမှာ အပြောင်းအလဲလုပ်ခဲ့တာမရှိပါဘူး” ဟု တောင်ကိုးရီးယားနိုင်ငံသမ္မတပတ်ဂွမ်ဟေး နှင့် ၎င်း၏ ကာလရှည် လူယုံတော်တို့အား ခြစားမှုဖြင့် လွှတ်တော်၌ ကြားနာ စစ်ဆေးမှုပြုလုပ်စဉ် လီက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

လီ နှင့် အခြား တောင်ကိုးရီးယားနိုင်ငံ၏ အဓိက ပေါင်းစပ်ကုမ္ပဏီများမှ အကြီးအကဲများသည် အာဏာအလွဲသုံးစားမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Choi Soon-sil ဦးစီး တည်ထောင်ထားသော ဖောင်ဒေးရှင်းနှစ်ခုထံသို့အမေရိကန်ဒေါ်လာ သန်းပေါင်း ဆယ်ဂဏန်းများစွာ လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကြားနာပွဲကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆမ်ဆောင်းကုမ္ပဏီသည် ပြီးခဲ့သော နှစ်က အငြင်းပွားဖွယ် အမျိုးသားပင်စင်ရံပုံငွေ ထောက်ပံ့ရေးအစီအစဉ်အတွက် Choi ဖောင်ဒေးရှင်းထံ ငွေများလှူဒါန်းခဲ့ပြီး Samsung C&T နှင့် Cheil စက်မှုလုပ်ငန်းစုသည် ကုမ္ပဏီတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ဖန်တီးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆမ်ဆောင်းသည် ငွေကြေးလှူဒါန်းရာမှ တဆင့် မည်သည့် စီးပွားရေးဆိုင်ရာ အခွင့်အရေး နှင့် အထောက်အပံ့ကိုမျှ ရယူခဲ့ခြင်းမရှိကြောင်း ၊ သမ္မတ ပတ်ဂွမ်ဟေး နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ပန်းအလှစိုက်ပျိုးရေး နှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့လှူဒါန်းရန် တောင်းဆိုခဲ့ခြင်းကြောင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း လီက ဆိုသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်လက သမ္မတပတ်ဂွမ်ဟေးသည် အဓိက ပေါင်းစပ်ကုမ္ပဏီများ၏ အကြီးအကဲများ နှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးချင်းစီနှင့်သီးခြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သောနှစ် ဇူလိုင်လ နှင့် ဖေဖော်ဝါရီလ များတွင် သမ္မတပတ်ဂွမ်ဟေး နှင့် နှစ်ကြိမ်တိတိ သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း လီ က ဝန်ခံပြောကြားခဲ့သည်။

ဆမ်ဆောင်းကုမ္ပဏီ တည်ထောင်သူ မိသားစုဝင်များသည် လက်အောက်ခံကုမ္ပဏီအားလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း နှင့် အစုရှယ်ယာရှင်များ အခွင့်အရေးတူညီစွာ လုပ်ကိုင်ဆောင်ရာတွင် အခက်အခဲ ဖြစ်အောင် ပြုမူလုပ်ဆောင်နေကြောင်း ဝေဖန်ခံနေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.