Connect with us

Africa & Middle East

၁၀ နှစ်ခန့်ကြာပြီးမှ ဂါနာရှိ အမေရိကန် သံရုံးအတုအား ပိတ်သိမ်း

ဂါနာရှိ အမေရိကန် သံရုံး အစစ်နှင့် သံရုံး အတုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဆယ်စုနှစ် တစ်ခုခန့်ကြာအောင် ဗီဇာ ထုတ်ပေးခြင်း လုပ်ငန်းများနှင့် သံရုံးလုပ်ငန်းဆိုင်ရာများ လုပ်ကိုင်နေခဲ့သည့် ဂါနာနိုင်ငံရှိ အမေရိကန် သံရုံးအတုအား ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကြေညာချက် ထုတ်ပြန်လိုက်သည်။

“အဲဒါက အမေရိကန် အစိုးရက ကိုင်တွယ်နေတဲ့ ရုံးမဟုတ်ပါဘူး၊ သို့သော်လဲ ဂါနာနဲ့ တူရကီ ဒုစရိုက်ဂိုဏ်းများနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပြစ်မှုဆိုင်ရာ ဥပဒေ ကျင့်သုံးတဲ့ ဂါနာ ရှေ့နေချုပ်ရုံးရဲ့ ပုဂ္ဂိုလ်တွေ အဲ့ဒီမှာ ရှိနေတယ်” အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြီးခဲ့လက ပြောကြားထားသည်။

အဆိုပါ အဆောက်အဦတွင် အမေရိကန် အလံ လွှင့်ထူထားပြီး အတွင်း၌ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ဓာတ်ပုံအား ချိတ်ဆွဲထားကြောင်း၊ အမေရိကန် ဗီဇာ အတုရော အစစ်ပါ ထုတ်ပေးနေကြောင်း သိရသည်။အဆိုပါ ဗီဇာများ ကိုင်ဆောင်ကာ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းကိုသော်လည်းကောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများ ဗီဇာ ကိုင်ဆောင် ဝင်ရောက်လာလျှင်လည်းကောင်း မည်သို့ ဆောင်ရွက်မည်ကိုမူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။အမေရိကန်နိုင်ငံ၏ သံရုံးအစစ်သည် ဂါနာနိုင်ငံ အက်ခ်ရာမြို့ရှိ ဒေသဆိုင်ရာ လုံခြုံရေးရုံး၌ တည်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖော်ပြထားသည်။ (Xinhua)