နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများအား သွားရောက်တိုက်ခိုက်နေသည့် အမေရိကန်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်မြေပြင်၌ ပထမဆုံးကျဆုံးသွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တောင်အမေရိကတိုက် နှင့် ကာရေဗီယံဒေသရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နှစ်ဖက်အပြန်အလှန်ဖလှယ်ခြင်းများကို နက်ရှိုင်းစွာ ပြုလုပ်သွားရန် အသင့်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်ကျောက်(Cai Mingzhao) က ပြောကြားလိုက်သည်။
ဟေပေ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းဟေပေပြည်နယ်တွင် ကျန်းကျိမင်ဟုအမည်ရသည့် တရုတ်အမျိုးသားတစ်ဦးမှာ သွားကြားထိုးတံပေါင်း ၁၅ဝဝဝ ကို အသုံးပြု ကာ ရှေးဟောင်း ဘုရားကျောင်း တစ်ခု ပုံစံငယ်ကို လက်ရာမြောက်စွာဖန်တီးခဲ့သည်။ ထိုသို့ဖန်တီးရာတွင် ကော်များ သံများကိုလုံးဝအသုံးမပြုထားဘဲ သွားကြားထိုးတံတစ်ချောင်းနှင့် တစ်ချောင်းကို ဖြတ်တောက်ကာ ဆက်ပြီး...
ပေကျင်း၊ နိုဝင်ဘာ ၂၆ရက် (ဆင်ဟွာ) ရှေးဟောင်းသုတေသနပညာရှင်များသည်zတရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက ရှေးဟောင်းအုတ်ဂူပေါင်း ၁,ဝ၉၂ ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရှာဖွေတွေ့ရှိမှုကို ပေကျင်းမြို့အရှေ့ပိုင်း တုန်ကျိုးခရိုင် အုပ်ချုပ်ရေးဆိုင်ရာစင်တာသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တေ့ွရှိခြင်းဖြစ်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်သူ ၃ ဦးအား ဖမ်းဆီး ရမိထားပြီး ထပ်မံ စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ယနေ့နိုဝင်ဘာ ၂၆...
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းလွှတ်တော် (အစိုးရအဖွဲ့ရုံး)၊ အောက်ထပ် လဝကရုံး အနီးတွင် လွန်ခဲ့သော နာရီပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ တာရားခံရှာဖွေနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို အတည်ပြုပြောကြားသည်။
မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ယူလျှင် တစ်လက် အခမဲ့ ရရှိနိုင်မည်ဟူသော ရုရှားနိုင်ငံမှ ကမ်းလှမ်းမှုအား ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ကွမ်ကျိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ်တွင် ကျင်းပလျက်ရှိသည့် ကွမ်ကျိုး မော်တော်ကားပြပွဲတွင် နေရောင်ခြည်စွမ်းအင်သုံးယာဉ်များ၊ Plug in လျှပ်စစ်ယာဉ်များ နှင့် လျှပ်စစ်စွမ်းအင်အပြည့်အဝ အသုံးပြုနိုင်သည့် ယာဉ်များကို ပြသထားသည်။ Hanergy ကားထုတ်လုပ်ရေးကုမ္ပဏီ က ဆိုလာကားများကို လည်းပြသခဲ့ သည်။ ထိုကားများမှာ...