ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် သို့ သွားရောက် လေ့လာကြကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂) လမ်းမကြီး နှင့် မြို့ပတ်လမ်းဆုံရှိ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ် ရေဂါလန် သန်း၄၀ခန့် ဖြန့်ဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာ စံစနစ် အသုံးပြုနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စမ်းသပ် ဆောင်ရွက်မည် ဖြစ်ကြောင်း ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သည့် ကွန်ပျူတာသုံး...
ချုံကျင်း၊ ဒီဇင်ဘာ (၁၃) ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်း မြူနီစပါယ်ဒေသရှိ တိရစ္ဆာန်ရုံတစ်ရုံတွင် လာရောက်ကြည့်ရှုသူများ ကိုယ်တိုင် အသားစားသတ္တဝါများအား အစာကျွေးနိုင်စေရန်စီစဉ်ပေးထားကြောင်းသိရသည်။ လည်ပတ်သူများသည် တိရစ္ဆာန်များရှိသောနေရာအထိ သွားရောက်နိုင်ပြီး ဝိုင်ယာများအသုံးပြုထားသော အလုံပိတ်အခန်း ရှိ အပေါက်ငယ်မှတစ်ဆင့် ခြင်္သေ့များ၊ ကျားများနှင့် ဝက်ဝံများ အား အစာကျွေးနိုင်သည်။...
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် နိုင်ငံတကာတွင် ပညာသင်ကြား နေသည့် ကျောင်း သား၊ ကျောင်းသူ များ၏ အခက်အခဲ များနှင့် နှစ်နိုင်ငံပညာရေး ဆိုင်ရာကိစ္စများ အထောက်အကူ ဖြစ်စေ ရန် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး များတွင် ခန့်ထားမည့် ပညာရေးဆိုင်ရာ သံမှူးများအတွက်...
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အခြားနိုင်ငံများထက် ဘူမိအမွေအနှစ်ဇုန် အများဆုံး တည်ရှိရာနိုင်ငံ ဖြစ်လာကြောင်း ဇန်နဝါရီလ ၁၃ ရက်က တရုတ်အစိုးရ အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင်ကြားပေး မည်ဖြစ်ပြီး အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာသင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင် တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည် ကြောင်း၊ ယခုနှစ် ဇွန်တွင် စတင်ကျောင်းတက်သည့်...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ Yang Shaolin သည် ကမ္ဘာ့ဘဏ်အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ အရာရှိချုပ် နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရကြောင်း ဇန်နဝါရီလ ၁၂ ရက်က ဘဏ္ဍာရေး ဝန်ကြီး ဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ယခုရက်ပိုင်း မြေငလျင်ငယ်များ အကြိမ်အရေအတွက် ခပ်စိပ်စိပ် လှုပ်ခတ်မှုများကြောင့် ပြည်သူများ အနေဖြင့် ငလျင်ဒဏ် ကြုံတွေ့ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။
ဆိုးလ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ပျံသန်းလာသည့် မောင်းသူမဲ့လေယာဉ် တစ်စီးသည် အနောက်ပိုင်း နယ်စပ် ဒေသတွင် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ် ၏ အချက်များစွာ သတိပေး ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ (DPRK)ဖက်သို့ ပြန်လည် ပျံသန်းသွားခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်...