Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် ဘူမိအမွေ အနှစ်ဇုန် အများဆုံး တည်ရှိရာနိုင်ငံဖြစ်လာ

တရုတ်နိုင်ငံ ဘူမိအမွေအနှစ်ဇုန် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အခြားနိုင်ငံများထက် ဘူမိအမွေအနှစ်ဇုန် အများဆုံး တည်ရှိရာနိုင်ငံ ဖြစ်လာကြောင်း ဇန်နဝါရီလ ၁၃ ရက်က တရုတ်အစိုးရ အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

ယူနက်စကို အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ဘူမိအမွေအနှစ်ဇုန် ကွန်ရက် (Global Geoparks Network= GGN) စာရင်း အရ ကမ္ဘာ့ ဘူမိအမွေအနှစ်ဇုန် ၁၂၀ ရှိသည့်အနက် တရုတ်နိုင်ငံ တွင် ၃၃ ခု ရှိကြောင်း အဆိုပါ မြေနှင့် အရင်းအ မြစ် ဝန်ကြီးဌာန အရာရှိ Guan Fengjun က ပေကျင်းတွင် ပြုလုပ်သည့် ဘူမိအမွေအနှစ်ဇုန် စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှု သင်ကြားရေး အစီအစဉ် သို့ တက်ရောက်လာသူများအား ပြောကြားခဲ့သည်။

ဘူမိအမွေအနှစ်ဇုန် ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များအား ရေရှည်တည်တံ့သော နည်းလမ်းများ ဖြင့် ထိန်းသိမ်းခြင်းဖြင့် ၎င်းနေရာ အနီးဝန်းကျင်၌ နေထိုင်သူများ၏ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူး ရရှိသည့် နေရာ ဖြစ်သည်။ အမျိုးသား ဘူမိအမွေအနှစ်ဇုန် နှင့် ကမ္ဘာလုံးဆိုင်ရာ ဘူမိအမွေအနှစ်ဇုန် စသည်ဖြင့်ရှိပြီး နောက်ပိုင်းတွင် နိုင်ငံတကာ အရေးပါမှု တစ်ခု ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် အမျိုးသား ဘူမိအမွေအနှစ်ဇုန် တည်ထောင်ရေး လှုပ်ရှားမှုအား ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ကြေညာခဲ့ပြီး ဥပဒေများ စည်းမျဉ်းစည်းကမ်းများစွာ ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ စွမ်းဆောင်ချက်နှင့် စီမံခန့်ခွဲမှု များကလည်း ထိထိရောက်ရောက် တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံအတွင်း အမျိုးသား ဘူမိအမွေအနှစ်ဇုန် ၁၈၉ ခုရှိပြီး နောက်ထပ် ၅၂ ခုမှာလည်း ဆောက်လုပ်ခွင့် ရပြီး ဖြစ်ကြောင်း Guan ကပြောသည်။

တရုတ်နိုင်ငံသည် GGN ၏ မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ ဘူမိအမွေအနှစ်ဇုန် ဝင်ခွင့်ရရန် ၂၀၀၃ ခုနှစ်အတွင်းက စတင် လျှောက်ထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.