Connect with us

Politics, Law & Military

ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ သွားရောက် လေ့လာ


ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် သို့ သွားရောက် လေ့လာကြကြောင်း သိရသည်။

ဦးစွာ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ်သို့ ရောက်ရှိ ကြရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြင့်မော် နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြပြီးနောက် ဗိုလ်လောင်းများ၏ စာပေဌာနသို့ ချီတက် သွားလာမှု အခြေအနေများကို ကြည့်ရှု လေ့လာပြီး စစ်တက္ကသိုလ် ပြတိုက်ကို သွားရောက် လေ့လာကြရာ ကျောင်းအုပ်ကြီး က စစ်တက္ကသိုလ် သမိုင်းကြောင်းကို လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း မြဝတီသတင်းတရားဝင်ထုတ်ပြန်ခဲ့သည်။

ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး သွားရောက် လေ့လာ (ဓာတ်ပုံ-မြဝတီ)

ထို့နောက် ဗိုလ်လောင်းတပ်ရင်းများ၊ စားရိပ်သာများ၊ စာပေဌာနနှင့် ကျောင်းဆင်း စစ်ရေးပြကွင်း အပါအဝင် စစ်တက္ကသိုလ် အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည်ရှု လေ့လာကြကြောင်း သိရသည်။

ယင်းနောက် ဘွဲ့နှင်းသဘင် ခန်းမတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့အား စစ်တက္ကသိုလ်၏ လေးနှစ်တာ ကာလအတွင်း လေ့ကျင့်ရေး ဆောင်ရွက်မှု၊ စာပေသင်ကြား မှုနှင့် လှုပ်ရှားမှု အခြေအနေများကို မှတ်တမ်း ဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.