Connect with us

Education & Health

ပညာရေးဆိုင်ရာ သံမှူးအတွက် လျှောက်ထားသူ များပြားလာ

ရန်ကုန် တက္ကသိုလ်ကျောင်းဝန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် နိုင်ငံတကာတွင် ပညာသင်ကြား နေသည့် ကျောင်း သား၊ ကျောင်းသူ များ၏ အခက်အခဲ များနှင့် နှစ်နိုင်ငံပညာရေး ဆိုင်ရာကိစ္စများ အထောက်အကူ ဖြစ်စေ ရန် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး များတွင် ခန့်ထားမည့် ပညာရေးဆိုင်ရာ သံမှူးများအတွက် လျှောက်ထားသူ များပြားလာကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုသို့ခန့်ထားရန် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ် အသီးသီးမှ အင်္ဂလိပ်စာ သို့မဟုတ် နိုင်ငံတကာ ဆက်ဆံရေးပညာ မဟာဘွဲ့ရရှိပြီး အသက် ၄၅ နှစ်ထက်မကြီးသူ တွဲဖက်ပါမောက္ခ သို့မဟုတ် ကထိက ရာထူးတာဝန် ထမ်းဆောင်နေသူ များကို ခေါ်ယူမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပညာရေးသံမှူး အဖြစ် တာဝန် ထမ်းဆောင်ရန် လျှောက်ထားသူ များကို လူတွေ့ စစ်ဆေးမည့် ရက်၊ စေလွှတ်မည့် နိုင်ငံအတိအကျကို မသတ်မှတ် ရသေးကြောင်း၊ ထို့ပြင် ပညာရေးသံမှူး အဖြစ် တာဝန် ထမ်းဆောင်မည့် သူများသည် ပြည်ပရှိ မြန်မာနိုင်ငံသံရုံး များတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်လက်တာဝန် မထမ်းဆောင် တော့လျှင် မူလ သင်ကြားရေး တာဝန်ကို ပြန်လည် ထမ်းဆောင် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ပညာသင်ဆုတွင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်နှင့် စတုတ္ထအသုတ် တို့ကို သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့်ထိုင်း စသည့် နိုင်ငံများ၌ လူဦးရေ ၁၁ဝ ကျော် စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)