Connect with us

Education & Health

KG+12 သင်ရိုးသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်

ပညာသင်ကြားနေသော ကလေးငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင်ကြားပေး မည်ဖြစ်ပြီး အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာသင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင် တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည် ကြောင်း၊ ယခုနှစ် ဇွန်တွင် စတင်ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) မှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ပြောကြားသည်။

CESR မှတာဝန်ရှိသူက “ ကျွန်တော်တို့ ပညာရေးစနစ်ပြောင်းတာမဟုတ်ဘူး။ KG (သူငယ်တန်း) ဆိုတာ နဂိုကတည်းက ရှိပြီးသားပါ။ သင်ရိုးပဲ ပြောင်းသွားတာပါ။ ဆင်ခြင်တုံတရားနဲ့ သင်ကြားနည်းစနစ်ကို ပြောင်းနိုင်အောင်လုပ်နေတယ်။ ကျွန်တော်တို့ အနေနဲ့ သူငယ်တန်း သင်ရိုးတွေကို ရှင်းလင်းပွဲလေးတွေ လိုက်ပြီး လုပ်နေပါတယ်။’’ ဟုပြောသည်။

အဆိုပါ သင်ရိုးအသစ်ပြောင်းလဲရန် ပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် သုံးလေး နှစ် လောက်ကစ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် စတက်မည့် ကလေးများအတွက် သင်ရိုးပြောင်းလဲခြင်းဖြစ်ပြီး လက်ရှိ ကျောင်း တက်နေသည့် ကလေးများအတွက် သင်ရိုးပြောင်းလဲမှု မရှိကြောင်း ၎င်းကဆိုသည်။

၎င်းတာဝန်ရှိသူကပင် “ ၂၀၁၇ ခုနှစ် မတ်မှာ ၁၀တန်း ဖြေမယ့် သူတွေနဲ့ အခုသင်ရိုးသစ်က မဆိုင်ပါဘူး။ ၂၀၁၆ ခုနှစ် ဇွန်လ မှ ကျောင်းစတက်မယ့် ကလေးနဲ့ ပဲဆိုင်ပါတယ်။ KG+12 ကို ပြဌာန်းလိုက်တော့ ၁၃ တန်း ဖြစ်သွားတာပေါ့။’’ ဟုပြောသည်။

ယခုလ ၈ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံး၌ KG သင်ရိုးကို လိုက်မိတ်ဆက်ကြောင်း၎င်းကဆိုသည်။

ယခင်ကဲ့သို့ အလွတ်ကျက် စာသင်ခြင်း နှင့် စမလုပ်တော့ဘဲ သင်ရိုးသစ်တွင် ဆော့ကစားတာကနေ သင်ကြားသွားမည်ဖြစ်ကြောင်း ၊ Kg ပြီးလျှင် Grade 1 လာမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ဆရာများအား ထရိန်နင်ပေးနေကြောင်း၊ အလွတ်ကျက်စနစ် မဟုတ်တော့ကြောင်း ၎င်းကပြောခဲ့သည်။

“ သင်ရိုးသစ်က စဉ်းစားဉာဏ်နဲ့ပဲ လုပ်ရမှာ။ သူငယ်တန်းဆိုရင် စာမေးပွဲမရှိတော့ဘူး။ မတတ်တတ်အောင်သင်ရမယ့်စနစ် ပေါ့။ တဖြည်းဖြည်း ပြောင်းလဲသွားမှာဖြစ်တယ်။ ကလေး အလွတ်ကျက်တာ လျော့သွားမယ်။ သူ့ဘာသာသူ ဝါသနာ ပါတဲ့အပိုင်းကို ရွေးချယ်သွားလို့ ရတဲ့ စနစ်မျိုးဖြစ်သွားမှာ။’’ ဟု ၎င်း ကဆက်ပြောသည်။

သူငယ်တန်းတွင် မြန်မာ၊ အင်္ဂလိပ်၊ သချာၤ ဆိုသည့် ဘာသာရပ်များ ရှိတော့မည် မဟုတ်ကြောင်း၊ ၁ တန်းတွင်မူ လူမှုရေး၊ အားကစားတို့က့ မသင်မနေရ သင်ရမည်ဖြစ်ကြောင်း၊ KG (သူငယ်တန်း) အစပိုင်းတွင် ဂီတ၊ အားကစား၊ ပုံပြင်များပြောရင်း သင်ကြားမည်ဖြစ်ပြီး၊ နောက်ဆုံး ၃ လ မှ ဗျည်း ၂၅ လုံး နှင့် ၁ မှ ၁၀ အထိ သင်မည်ဖြစ်ကြောင်း သိရသည်။ ၅ နှစ်ပြည့်သည် နှင့် အစိုးရကျောင်း တွင် စတက်ရမည်ဖြစ်ပြီး၊ အခြေခံပညာကျောင်းများ အားလုံးကို တိုင်း နှင့် ပြည်နယ် ၁၄ ခုလုံး ၌ အဆိုပါသင်ရိုးသစ်အား စတင်ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။ တစ်ပြေးညီသင်ရိုး နှင့် သင်ထောက်ကူပစ္စည်းများအား (အရုပ်လေးတွေ) ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ အာဆီယံနိုင်ငံများ နှင့် အိမ်နီးချင်းနိုင်ငံများတွင်ပါ Kg +12 စနစ်အား ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117