ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယာဉ် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အဝေးပြေးလမ်း လှည့်ကင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) အင်းတော်မြို့နယ် မြစ်ကြီးနား-မန္တလေးကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၁၁၄/၅)၊ မော်လူး ကျေးရွာနှင့် နဘား ကျေးရွာကြား၌ ခရီးသည်တင်ယာဉ်၏ ပစ္စည်းထားသည့် ဝမ်းဗိုက်အတွင်းမှ ကျောက်စိမ်း (၅၈)အိတ်၊ (၁၃၃၆.၇၃) ပိဿာ (၂.၁၈၂တန်)ကို နိုဝင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း...
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဟန်ဂေရီနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် Budapest မြို့၌ ကျင်းပမည့် တရုတ်-ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်း နိုင်ငံများ အစိုးရများ၏ ၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)...
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းနယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်က ရဲတပ်ဖွဲ့နှင့် မူးယစ်ဂိုဏ် တစ်ခုတို့အကြား တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မူးယစ်ကုန်ကူးများအဖြစ် သံသယရှိသူ ၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ကြေညာလိုက်သည်။
ဂျကာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်မှာ အားပြင်းပြင်းဖြင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြာမှုန့်များအား လေးကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသဖြင့် ယင်း ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) လုံခြုံရေး အခြေအနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်အား ၂၀၁၈ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ကြားနိုင်ငံတစ်နိုင်ငံတွင် ပြန်လည် ယှဉ်ပြိုင်ကစားရန် အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်း...
ကိုင်ရို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူဦးရေမှာ ၃ဝ၅ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး လူပေါင်း ၃ဝ၅ ဦးသေဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကို အီဂျစ်နိုင်ငံ သမ္မတ စီစီ (Abdel Fattah al-Sisi) ထံသို့နိုဝင်ဘာ ၂၅ ရက်တွင်...
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း တို့မှ ပူးပေါင်း ဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းမှ ထူးချွန်ကျောင်းသား ငါးဦးရွေးချယ်ပြီး တရုတ်ပြည်သူ့...
တိဘက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Yumbu Lakhang ရှေးဟောင်း နန်းတော်အား ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။ထိုအဆောက်အအုံမှာ ခရစ်တော်မပေါ်ထွန်းမီ ၂ ရာစုခန့်က တည်ဆောက်ထားခဲ့ပြီး တိဘက်တွင်ရှေးအကျဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်သည်။ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁.၅ မီလီယံ သုံးစွဲရန်ခွင့်ပြုထားခြင်းဖြစ်သည်။ အဆိုပါ...