Connect with us

Social

Blue Sky ကယ်ဆယ်ရေးအသင်းမှ ဖွင့်လှစ်သော အရေးပေါ်ကူညီကယ်ဆယ်ရေး သင်တန်းမှ ထူးချွန်ကျောင်းသား ငါးဦး တရုတ်ပြည်၌ သင်ကြားခွင့် ထပ်ရမည်


ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း တို့မှ ပူးပေါင်း ဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းမှ ထူးချွန်ကျောင်းသား ငါးဦးရွေးချယ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)က ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။

သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းမှ ထူးချွန်ကျောင်းသား ရွေးချယ်ရာတွင် သင်တန်းသားများ သင်တန်းတက်ရောက်နေစဉ်တွင်း ဖြေကြားထားသော အဖြေလွှာများမှ စိစစ်ရွေးချယ်ပြီး တစ်လအတွင်း ရွေးချယ်ကျောင်းသားများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Blue Sky ကယ်ဆယ်ရေးအသင်းက ဖွင့်လှစ်သော အရေးပေါ်ကူညီကယ်ဆယ်ရေး သင်တန်းဆင်းပွဲကျင်းပ (ဓာတ်ပုံ-ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သင်တန်းသားငါးဦးစေလွှတ်ပြီး သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်သည့် ဆင့်ပွားသင်တန်း ထပ်မံတက်ရောက်စေမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ရက်နေ့ထိ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အနောက်ဘက်မုခ် တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ (Zhang Yupu) က မြန်မာ နိုင်ငံ သို့ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက်ကူညီဆောင်ရွက်မှုများ မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ ကယ်ဆယ်ရေး အသင်းအဖွဲ့များ နှင့် တွေ့ဆုံဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုများအရ အပြန်အလှန် လေ့လာသင်ယူမှု အများအပြားရှိကြောင်း ကို သိရှိခဲ့ရသည့် အတွက် သင်တန်းလာရောက်ပို့ချခြင်း ဖြစ်ကြောင်း ၊ Blue Sky ကယ်ဆယ်ရေး အဖွဲ့၏ အတွေ့အကြုံ များအား မြန်မာ နိုင်ငံ ပြည်သူလူထု များကို မျှဝေခြင်းအားဖြင့် မြန်မာ နိုင်ငံ ၏ ကယ်ဆယ်ရေး လုပ်ငန်း တိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။ယခု ဖွင့်လှစ်ခဲ့သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း အား အချိန် ၃ ရက်ကြာ သင်တန်း ပို့ချပေးမည် ဖြစ်ပြီး ရန်ကုန်မြို့ ဒေသ အသီးသီး မှ သင်တန်းသား စုစုပေါင်း ၆၁ ဦး ကို သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117