Connect with us

Asia

ဘာလီကျွန်း မီးတောင် ပေါက်ကွဲမှု အားကောင်းနေဆဲ၊ လေယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်


ဂျကာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်မှာ အားပြင်းပြင်းဖြင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြာမှုန့်များအား လေးကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသဖြင့် ယင်း ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မီးတောင်သည် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်) ဒေသစံတော်ချိန် နံနက် ၆း၂၀ နာရီတွင် သုံးကြိမ် ပေါက်ကွဲခဲ့ပြီး နောက်ဆုံးအကြိမ် ပေါက်ကွဲမှုမှ ထွက်ရှိလာသော ပြာများမှာ အမြင့်ဆုံးအထိ ရောက်ရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် စူတိုပို ပါဝူ နူဂရိုဟိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲနေစဉ်နှင့် မီးတောင်ပေါက်ကွဲမှုကြောင့် ရွှေ့ပြောင်းနေရသည့် ဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုဝင်ဘာလ ၂၆ ရက်တွင်ပင် ဖြစ်ပွားခဲ့သော အစောပိုင်း ပေါက်ကွဲမှု နှစ်ခုကြောင့် ထွက်ရှိလာသော ပြာများသည် မီတာ ၃,၀၀၀ နှင့် မီတာ ၂,၀၀၀ အမြင့်အထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ထို မီးတောင်ပြာများသည် မီးတောင်ဝ အရှေ့နှင့် အရှေ့တောင်ဘက်သို့ ပျံ့နှံ့သွားခဲ့ပြီး ခရီးသွားဧည့်သည်များ အပန်းဖြေလာရောက်သည့် Lombok ကျွန်း အနီးသို့ ဦးတည်နေကြောင်း သိရသည်။ထို့ပြင် မီးတောင်နှင့် ဘူမိဗေဒ အန္တရာယ် လျော့ပါးရေး (PVMBG) စင်တာက လေကြောင်းဆိုင်ရာအတွက် မီးတောင်စောင့်ကြည့်ရေး သတိပေးချက်ကို အဆင့်မြင့်ဆုံးအဖြစ် တပ်လှန့်ထားပြီး အဆိုပါ လေပိုင်နက်နယ်မြေအပေါ်မှ လေယာဉ် ပျံသန်းခွင့် တားမြစ်ထားကြောင်း သိရသည်။

“PVMBG က သတိပေးချက်ကို လိမ္မော်ရောင်ကနေ အနီရောင် အဆင့်အထိ တိုးမြှင့်ထားတယ်” ဟု အထက်ပါ အရာရှိက ဆင်ဟွာသို့ ပေးပို့သည့် သတင်းတွင် ပါရှိသည်။ကျေးရွာများအပေါ် မီးတောင် ပြာမှုန့်များ ကျဆင်းမှုအား ကာကွယ်နိုင်ရန် မျက်နှာ၊ နှာခေါင်းစည်းများကို ဒေသခံများထံ အာဏာပိုင်များက ချက်ချင်းဖြန့်ဝေပေးခဲ့သည်။“ကန့်သတ်ဇုန်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ချက်ချင်းရွှေ့ပြောင်းပေးရမှာ ဖြစ်တယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့ပြီး ကန့်သတ်ဇုန်အား အကျယ်အဝန်း ၇.၅ ကီလိုမီတာ သတ်မှတ်ထားသည်ဟု ဆိုသည်။ (Xinhua)