Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ၏ ဗလီတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၃ဝ၅ ဦးထိ မြင့်တက်လာ


ကိုင်ရို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူဦးရေမှာ ၃ဝ၅ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ကလေးငယ် ၂၇ ဦး နှင့် အမျိုးသမီး ၁၂၈ ဦးပါဝင်ကြောင်း နိုင်ငံပိုင် MENA သတင်းအေဂျင်စီက နိုဝင်ဘာ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။“ ဗလီကို တိုက်ခိုက်ကြတဲ့သူတွေဟာ အိုင်အက်စ်(IS) အလံကို ကိုင်ဆောင်ထားကြပါတယ်” ဟု အီဂျစ်နိုင်ငံ အစိုးရရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

အီဂျစ်နိုင်ငံ ဆိုင်နိုင်းရှိ ဗလီတစ်လုံးတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသူများအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

“ စစ်သွေးကြွ ၂၅-၃ဝ ယောက် ခန့်ဟာ ဗလီထဲမှာ ဝတ်ပြုဆုတောင်းနေကြသူတွေကို သေနတ်တွေနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။၎င်းတိုက်ခိုက်မှုသည် ဗလီဆရာမှ တရားစတင်ဟော ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်သမားများက ဗလီ၏ တံခါး နှင့် ပြတင်းပေါက်များမှ တဆင့် လက်ပစ်ဗုံးများကို ပစ်သွင်းခဲ့ကြောင်း နှင့် ဝတ်ပြုဆုတောင်းနေသူများကို ပိတ်ဆို့တိုက်ခိုက်မှုကျူးလွန်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင်အလံ ကိုင်ဆောင်ထားသူ အချို့က “ ဘုရားသခင်ဆိုတာ မရှိဘူး။ ဒါပေမယ့် အလ္လာ နဲ့ မိုဟာမက် ဟာ သူရဲ့ တမန်တော် ” ဟု ကြွေးကြော်ကာ ဗလီအတွင်း ဝင်ရောက်၍ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။(Xinhua)