Connect with us

Videos

ရှေးအကျဆုံး နန်းတော် ပြန်လည်မွမ်းမံကာကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်ရာနေရာအဖြစ်ဖန်တီးမည်

တိဘက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Yumbu Lakhang ရှေးဟောင်း နန်းတော်အား ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။ထိုအဆောက်အအုံမှာ ခရစ်တော်မပေါ်ထွန်းမီ ၂ ရာစုခန့်က တည်ဆောက်ထားခဲ့ပြီး တိဘက်တွင်ရှေးအကျဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်သည်။ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁.၅ မီလီယံ သုံးစွဲရန်ခွင့်ပြုထားခြင်းဖြစ်သည်။ အဆိုပါ ပြန်လည်မွမ်းမံရေးလုပ်ငန်းသည် ၂ဝ၁၈ ဧပြီလလောက်တွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်သည့် နေရာ အဖြစ် ဖန်တီးသွားမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.