ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ရက်နေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ အကြီးတန်းတာဝန်ရှိသူ ၃ဦးအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ကြောင်း ဒီဇင်ဘာ ၁၀ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ South Sandwich ကျွန်းများ၏ ကမ်းရိုးတန်းရှိ ဧရိယာများတွင် ဒီဇင်ဘာ ၁၁ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်များစင်တာ (CENC) ကပြောကြားခဲ့သည်။
အဘူဂျာ ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေနံအလျှံအပယ်ထွက်ရှိသော နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Harcourt မြို့၌ နိုဝင်ဘာလက ၇ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦးရှိပြီး အခြား လူ ၃၁ ဦးကို အပျက်အစီးပုံအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အရေးပေါ်ကယ်ဆယ်ရေးစီမံခန့်ခွဲမှုတာဝန်ရှိသူများက ဒီဇင်ဘာ ၁ဝ...
ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်လျှိုဟဲ(Liu He) သည် ယနေ့ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးSteven Mnuchin နှင့် ကုန်သွယ်ရေးတာဝန်ခံ Robert Lighthizer တို့နှင့် တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယနေ့ ညနေပိုင်း၌ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ)အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) “Our Region Our Song ” ၂ဝ၁၈ခုနှစ် မြန်မာ-တရုတ် ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှ တေးသံရှင် ၂ ဦး...
စီချွမ်၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လကမ္ဘာ၏ အစွန်ကျသောအရပ်ကို လေ့လာရန် တရုတ်နိုင်ငံက Chang’e4 အာကာသယာဉ် ကို နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၈ ရက် ၊ ဒေသစံတော်ချိန် နံနက် ၂နာရီ ၂၃ မိနစ်တွင် လွှတ်တင်လိုက်ကြောင်း ၊ ၎င်းအာကာသယာဉ်ထဲတွင်...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ၌ 3D ပုံထုတ်စက်မှ ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ထည့်သွင်းတည်ဆောက်လျက်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော 3D ပုံထုတ်စက်မှ ထုတ်လုပ်သည့် 3D လူသွားလမ်း ကို ရှန်ဟိုင်းရှိ ပြည်သူ့ဥယျာဉ်တွင် လာမည့် ဇန်နဝါရီလတွင် စတင်အသုံးပြုတော့မည် ဖြစ်သည်။ လူသွားလမ်း၏...