Connect with us

Politics, Law & Military

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် နှင့် အမေရိကန်အစိုးရအရာရှိများ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

၂၀၁၈ ခုနှစ်ကမ္ဘာ့ စီးပွားရေးဖိုရမ်၌ မိန့် ခွန်းပြောကြားနေသော တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu He အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်လျှိုဟဲ(Liu He) သည် ယနေ့ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးSteven Mnuchin နှင့် ကုန်သွယ်ရေးတာဝန်ခံ Robert Lighthizer တို့နှင့် တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံစီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲ၏ လက်ရှိအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ Liu က ယနေ့နံနက်ပိုင်းတွင် Mnuchin နှင့် Lighthizer တို့အား ဖုန်းဖြင့်ဆက်သွယ်၍ နှစ်နိုင်ငံခေါင်းဆောင်များ မကြာသေးမီက ရရှိခဲ့သည့် သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ဖုန်းဆက်ဆွေးနွေးရာတွင် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သွားရန် အချိန်ဇယား နှင့် လမ်းပြမြေပုံကို တရုတ်-အမေရိကန် နှစ်ဖက်စလုံးက အမြင်ချင်းဖလှယ် ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီဇင်ဘာ ၁ ရက်က အာဂျင်တီးနားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ညစာစားပွဲတစ်ခုတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား စီးပွားရေး နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အရေးပါသော သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.