Connect with us

Videos

3D ပုံထုတ်စက်မှ ထုတ်လုပ်သည့် ပထမဆုံးသော 3D လူသွားလမ်းကို ရှန်ဟိုင်းတွင်အသုံးပြုမည်

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ၌ 3D ပုံထုတ်စက်မှ ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ထည့်သွင်းတည်ဆောက်လျက်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော 3D ပုံထုတ်စက်မှ ထုတ်လုပ်သည့် 3D လူသွားလမ်း ကို ရှန်ဟိုင်းရှိ ပြည်သူ့ဥယျာဉ်တွင် လာမည့် ဇန်နဝါရီလတွင် စတင်အသုံးပြုတော့မည် ဖြစ်သည်။ လူသွားလမ်း၏ စုစုပေါင်း အရှည်မှာ ၁၅.၂၅ မီတာရှိပြီး အကျယ်မှာ ၃.၈ မီတာနှင့် အမြင့် ၁.၂ မီတာရှိကြောင်းသိရသည်။ အဆိုပါ လူသွားလမ်းကို အင်ဂျင်နီယာများက 3D ပုံထုတ်စက် အသုံးပြု၍ ၃၅ ရက်အတွင်း ပုံစံထုတ်လုပ်မှုကို အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း ၊ ယင်းမှာ ခိုင်ခံ့သည့် ပလတ်စတစ်အသားဖြင့်ပြုလုပ် ထားသောကြောင့် အပူဒါဏ်၊ ရေဒါဏ်ကို ခံနိုင်ရည်ရှိပြီး ဆိုးဝါးသည့်ရာသီဥတုဒါဏ်ကိုကြံ့ကြံံ့ခံနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.