Connect with us

Videos

လမျက်နှာပြင်ကို လေ့လာရန် Chang’e4 အာကာသယာဉ် လွှတ်တင်

စီချွမ်၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

လကမ္ဘာ၏ အစွန်ကျသောအရပ်ကို လေ့လာရန် တရုတ်နိုင်ငံက Chang’e4 အာကာသယာဉ် ကို နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၈ ရက် ၊ ဒေသစံတော်ချိန် နံနက် ၂နာရီ ၂၃ မိနစ်တွင် လွှတ်တင်လိုက်ကြောင်း ၊ ၎င်းအာကာသယာဉ်ထဲတွင် လပေါ်ဆင်းသက်ယာဉ် နှင့် မောင်းနှင်ယာဉ်များလည်း ပါဝင်ကြောင်း နှင့် Long March-3B ဒုံးပျံက အာကာသထဲသို့ သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် လကမ္ဘာ၏ အစွန်ကျသောဖက်ပေါ်ရှိ လမျက်နှာပြင်စူးစမ်းရှာဖွေရေးဆိုင်ရာ သမိုင်းစာမျက်နှာသစ်တစ်ခုကိုဖွင့်လှစ်မည့် ခရီးစဉ်ဖြစ်သည်။ Chang’e-4 ခရီးစဉ်တွင် အာကာသဆိုင်ရာရေဒီယိုလှိုင်းအနိုမ့်များ လေ့လာခြင်း ၊ လမျက်နှာပြင်သဘောသဘာဝ နှင့် မြေမျက်နှာပြင်ကို လေ့လာခြင်း ၊ လမျက်နှာပြင်တွင်ပါဝင်သည့် သတ္တုများအမျိုးအစားကိုတိုင်းတာခြင်း ၊ လကမ္ဘာ၏ အစွန်ကျသောဖက်က ပတ်ဝန်းကျင်အနေအထားကို လေ့လာခြင်းများ ပါဝင်ကြောင်း တရုတ်နိုင်ငံအမျိုးသားအာကာသစီမံခန့်ခွဲရေးဌာနက ကြေညာထားသည်။

တရုတ်နိုင်ငံသည် လကမ္ဘာစူးစမ်းရှာဖွေရေးလုပ်ငန်းအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိပြီး Chang’e-4 ခရီးစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တရုတ်သိပ္ပံပညာရှင်များက နယ်သာလန် ၊ ဂျာမနီ ၊ ဆွီဒင် နှင့် ဆော်ဒီအာရေးဗျမှ သိပ္ပံပညာရှင်များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက် ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ၂၉၄ ကြိမ်မြောက် အာကာသအတွင်းသို့ဒုံးကျည်လွှတ်တင်ခြင်း ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.